အရမ်းကိုရိုးရှင်းပြီး ထိရောက်တဲ့လေ့ကျင့်ခန်းပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။ မိန်းကလေးတွေအတွက်မို့ အရမ်းကြီးတဲ့ အလေးမပစ္စည်းတွေ ဝယ်စရာမလိုပါဘူး။ ကြိုးခုန်တာလည်း လက်မောင်းကအဆီတွေကို ချေဖျက်နိုင်ဖို့အကောင်းဆုံးပါပဲ။

တခြားအပိုတွေပြောမနေတော့ဘူးနော်။ အခုပဲစလိုက်ရအောင်။

ဒီလေ့ကျင့်ခန်းကိုလုပ်နေချိန်မှာ နှလုံးခုန်သံကို နားထောင်ဖို့လိုပါတယ်။

ပုံစံ ၁

ခြေထောက်နှစ်ဖက်ကို တစ်ညီတည်း ထားပါ။ ပြီးရင် ခါးကိုခုန်းပြီး လက်နှစ်ဖက်ကို ပုခုံးရဲ့အနေအထားထက်နည်းနည်း ကျယ်ကျယ်ထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း မပြီး လက်တဒေါင်ကို ကွေးလိုက်ပါ၊ ပြီးရင်အပေါ်ကို တည့်တည့်ဆန့်ပေးပါ။ ဒီပုံစံအတိုင်း ၁ မိနစ်လော်မနားဘဲ ဟန်ချက်ညီညီလုပ်ပါ။

ပုံစံ ၂

ဒီပုံစံကတော့ လက်တဒေါင်ကို ပုခုံးနဲ့တစ်တန်းတည်းထားပြီး အလေးမတဲ့အတုံးကို အပေါ်ကနေတည့်တည့် ပုံမှာပြတဲ့အတိုင်း ကိုင်ထားပါ။ ခြေထောက်တစ်ဖက်ကိုမြောက်ပြီး လက်ကို တဖြောင့်တည်း ပုံမှာပြထားတဲ့အတိုင်းချပါ။

ပုံစံ ၃

အလေးတုံးတစ်ခုကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပေါင်ကြားနဲ့တည့်တည့်ထားပေးပါ။ ပြီးရင် ဒူးခေါင်းကို တစ်ဝက်လောက်ကွေးပြီး ပြန်ထပါ။ ဒီလို တစ်မိနစ်လောက် အဆက်မပြတ်လုပ်ပေးပါ။

ပုံစံ ၄

ဒီပုံစံကတော့ ကျောကိုလှဲလိုက်ပြီး ဒူးခေါင်းကို တစ်ဝက်လောက်မြောက်ထားပါ။ ပြီးရင်အလေးမတုံး ၂ တုံးကို လက်နှစ်ဖက်နဲ့တန်းတန်းအပေါ်ထောင်မပြီး ခေါင်းပေါ်ကို တန်းတန်း ရွှေ့ပေးပါ။

အခုပြောပြေခဲ့တဲ့နည်းလမ်းတွေကိုလုပ်တာဟာ လက်မောင်းကအဆီတွေကိုချပေးမဲ့အပြင် ကျစ်လျစ်တဲ့လက်မောင်းတွေကိုပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ ၃ နာရီလောက်လုပ်ပေးပြီးရင် ၅ မိနစ်လောက်နားပါ။

Source: weightmove