Anniversary ရောက်ရင် တော်တော်များများက ကိုယ့်ချစ်သူကို အမှတ်တရလက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။ ဒီလိုပေးတဲ့အခါမှာ ဘာပေးရမှန်မသိတဲ့သူတွေအတွက် Anniversary မှာ ကိုယ့်ချစ်သူကိုပေးလို့ကောင်းတဲ့ လက်ဆောင်လေးတွေကို ပြောပြပေးလိုက်ပါတယ်။
ပန်းစည်းနဲ့ကိတ်
ပိုက်ဆံအများကြီးမတတ်နိုင်ရင် ပန်းစည်းနဲ့ကိတ်လေးသာ ပေးပါ။ စျေးကြီးတဲ့ပန်းစည်းအကြီးကြီးတွေ၊ ကိတ်အကောင်းစားကြီးတွေ မလိုပါဘူး။ အခုနောက်ပိုင်းမှာ ကိတ်သေးသေးလေးတွေနဲ့ ပန်းစည်းအသေးလေးတွေက ပိုပြီးခေတ်စားလာပါတယ်။ ပိုပြီးလည်း ချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် ၄ လက်မကိတ်လေးတွေနဲ့ ပန်းစည်းအသေးလှလှလေးသာ ပေးပါ။ ရိုဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
Jewellery
ကိုယ်နဲ့မကွာရှိစေချင်တဲ့ ပစ္စည်းမျိုးပေးချင်ရင်တော့ Anniversary မှာ မိန်းကလေးကို ပေးလို့အကောင်းဆုံးက Jewellery ပါပဲ။ လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက်၊ နားကပ် စတာလေးတွေ ကြိုက်တာသာပေးပါ။ အမှတ်တရလည်း ဖြစ်နေပါလိမ့်မယ်။
နာရီ
Anniversary မှာ ကိုယ့်ချစ်သူကို ပေးလို့အရမ်းကောင်းတဲ့ နောက်ထပ်လက်ဆောင်ကတော့ နာရီပါပဲ။ အချိန်တိုင်း ကိုယ့်ကိုသတိရနေပါ၊ အချိန်တိုင်း ကိုယ်နဲ့အတူရှိနေပေးပါ၊ အချိန်တွေအကြာကြီး အတူတူရှိနေပေးပါဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ပေါ့။ မိန်းကလေးကိုပဲပေးပေး၊ ယောင်္ကျားလေးကိုပဲပေးပေး အရမ်းမိုက်ပါတယ်။
ရေမွှေး
ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့အထဲမှာ ရေမွှေးကလည်း အမြဲတမ်းပါပါတယ်။ Anniversary မှာ ရေမွှေးပေးချင်ရင် သေချာလေးထုပ်ပိုးပြီး ရေမွှေးကောင်းကောင်းလေးသာ ပေးလိုက်ပါ။ ရေမွှေးနံ့လေးရတိုင်း ကိုယ့်ကိုသတိရနေပါလိမ့်မယ်။
အခြားအသုံးအဆောင်
Anniversary မှာ အပေါ်မှာပြောခဲ့တဲ့လက်ဆောင်တွေ တစ်ခုမှမပေးချင်ဘူးဆိုရင်တော့ ပိုက်ဆံအိတ်၊ ဖုန်း၊ မိတ်ကပ်ပစ္စည်း၊ cosmetics စတာတွေလည်း ပေးလို့ရပါသေးတယ်နော်။ ကိုယ်တတ်နိုင်တာနဲ့ချိန်ပြီး ပေးလို့ရတာကြောင့် ဒါလေးတွေက အသုံးဝင်စေမှာပါ။