Anime ကြည့်ရတာကြိုက်တဲ့သူတွေအတွက်တော့ Anime ကြည့်လိုက်ရင် စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုရစေတဲ့အတွက် Depression ဝင်ပြီး စိတ်ညစ်နေရတဲ့အချိန်မှာ ကြည့်ပြီးသားဖြစ်နေရင်တောင် ပြန်ပြီးကြည့်သင့်တဲ့ Anime Movie တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Anime တွေအပြင် Depression ဝင်နေချိန်၊ စိတ်ညစ်နေချိန်မှာ ကြည့်လို့ကောင်းမယ့် တခြား Anime တွေရှိရင်လည်း မျှဝေပေးဖို့မမေ့ပါနဲ့နော်။

Kiki’s Delivery Service

Anime ကြည့်တဲ့သူတိုင်း ကြည့်ပြီးသားဖြစ်မှာပါ။ Kiki ရဲ့ ကြိုးစားပုံလေးတွေ၊ လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပြီး ဖြစ်လာတဲ့အလွဲလေးတွေ အားလုံးက အရမ်းကြည့်လို့ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ Anime လေးဖြစ်တာကြောင့် ဒီ Anime ကို မကြိုက်တဲ့သူမရှိပါဘူး။

In This Corner Of The World

ဆုပေါင်းများစွာရရှိထားတဲ့ Anime ကောင်းတစ်ခုပါ။ Suzu ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ရိုက်ပြထားတဲ့ Anime ကောင်းတစ်ခုဖြစ်တာကြောင့် Depression ဝင်ပြီး စိတ်ညစ်နေချိန်မှာ ပြန်ကြည့်သင့်တဲ့ Anime ပါပဲ။

Your Name

Anime ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးတာကြောင့် တော်တော်များများ ကြိုက်ကြပါတယ်။ ထူးခြားဆန်းကြယ်တဲ့ပုံစံမျိုးတွေ ရိုက်ကူးထားတာဖြစ်လို့ အရမ်းလည်းမိုက်သလို ဘယ်နှစ်ခေါက်ကြည့်ကြည့်လည်း ရိုးမသွားစေပါဘူး။

Whisper of the Heart

Country Road သီချင်းလေးကိုနားထောင်ရင်း ကြည့်ရမယ့် Anime ကောင်းလေးပါ။ ဒီ Anime လေးကိုကြည့်လိုက်ရင် ဘာကြောင့်မှန်းမသိ စိတ်ပျော်ရွှင်ကြည်နူးမှုရစေပါတယ်။

My Neighbor Totoro

My Neighbor Totoro ဆိုရင် မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ ဘယ်နှစ်ခါပြန်ကြည့်ကြည့်လည်း ရိုးမသွားစေပါဘူး။ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အကြီးမလေး Satsuki ရဲ့ ရင့်ကျက်ပုံလေးတွေကို ပေါ်လွင်စေတဲ့ Anime လေးပါ။ Depression ဝင်ပြီး စိတ်ညစ်နေချိန်မှမဟုတ်ပဲ အထီးကျန်နေတဲ့အချိန်တွေမှာလည်း ကြည့်သင့်ပါတယ်။

A Whisker Away

၂၀၂၀ မှာထွက်ရှိထားတဲ့ Anime လေးပါ။ ကြောင်ချစ်သူလေးတွေ မဖြစ်မနေကြည့်သင့်တဲ့ Anime လေးဆိုလည်း မမှားပါဘူး။ Netflix မှာ Worldwide အနေနဲ့ တင်ခဲ့တဲ့ Anime လေးလည်း ဖြစ်ပါတယ်။ ဒီ Anime လေးကိုကြည့်ရတာ စိတ်ကြည်နူးမှုရစေပါတယ်။

Ponyo

Ponyo ကတော့ Anime ချစ်သူမဟုတ်တဲ့သူတွေတောင် ကြိုက်ကြပါတယ်။ ဆုတွေအများကြီးရထားတဲ့ ဒီ Anime လေးက ဘယ်လောက်ကြည့်ကြည့်လည်း ရိုးမသွားစေပါဘူး။ အရမ်းချစ်ဖို့ကောင်းပြီး စိတ်ကြည်နူးမှုရစေတဲ့ Anime လေးဖြစ်တဲ့အပြင် character လေးတွေကအစ အရမ်းချစ်ဖို့ကောင်းတာကြောင့် ပြန်ကြည့်သင့်ပါတယ်။