ရေမွှေးကောင်းတစ်ပုလင်းဟာ သင့်ရဲ့ပုံစံနဲ့ စိတ်ခံစားချက်ကို အများကြီး ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ရေမွှေးနံ့သင်းသင်းလေး ဆွတ်ထားတာက စိတ်ကြည်စေသလို လူကို လန်းဆန်းပြီး သန့်ရှင်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

ရေမွှေးဈေးကွက်ဟာ တန်ဖိုးကြီး လူ့အသုံးအဆောင်ထဲမှာ ပါပါတယ်။ ဒီတစ်ခေါက်မှာ အမျိုးသမီးသုံး အကောင်းဆုံး ရေမွှေးအမှတ်တံဆိပ်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) Delina Eau de Parfum

Packaging အတိုင်းပဲ Luxury ဆန်ပြီး ရနံ့ခံချိန်ရော ပျံ့လွင့်အားရော တော်တော်ကောင်းပါတယ်။ နှင်းဆီရနံ့ချစ်သူတွေရဲ့ Perfume Collection မှာ ကျန်နေခဲ့လို့မဖြစ်တဲ့ တံဆိပ်ပါ။

(၂) Gucci Bloom Eau de Parfum For Her

Bloom ဆိုတဲ့အတိုင်း တစ်ခါ စွတ်လိုက်တာနဲ့ ပန်းခင်းထဲရောက်သွားသလို ခံစားရစေပါတယ်။ အနံ့ကလည်း အီအီကြီးဖြစ်မနေဘဲ ပန်းနံ့ကြည်ကြည်သင်းသင်းလေးကိုမှ
Luxury အနံ့မျိုးပါ။

(၃) Chanel Chance Eau Tendre

Long lasting ကိုမှ လက်ဖျံမှာဆွတ်ရင် နောက်နေ့အထိပါမွှေးနေမှာပါ။ မွှေးလိုက်ရင် ရင်ထဲကိုအေးသွားစေသလို ပန်းနဲ့အသီးနဲ့ကို ရောစပ်ထားလို့ Fresh ဘက်သွားပါတယ်။ မိန်းကလေးဆန်ပြီး Elegant နဲ့ Luxury ဆန်တဲ့ Vibe လေးရလို့ တော်တော်လေးကို ကောင်းပါတယ်။

(၄) Miss Dior Eau De Parfum

Long Lasting & Durable ဖြစ်ပီး တစ်ခါဆွတ်ရုံနဲ့ တစ်နေကုန်မွှေးနေမှာပါ။ Miss Dior Seriesရဲ့ သဘာဝအတိုင်း နှင်းဆီပေါ်မူတည်ပြီး ထုတ်လုပ်ထားပါတယ် Floral Woody Typeလေး ဖြစ်ပြီးတော့ ငြိမ်ငြိမ်သင်းသင်းလေးနဲ့ Elegant & Smart ဖြစ်စေတဲ့ ရနံ့လေးကို တွေ့မြင်ရမှာပါ။

(၅) ARIANA GRANDE Cloud Eau de Parfum

ဘယ်ရေမွှေးနဲ့မှမတူဘဲ သူ့ရဲ့ Type က creamy ဖြစ်တယ် ချိုတယ် woody ဖြစ်ပေမယ့် မအီ၊ မမူးပါဘူးနော်။

(၆) VIKTOR&ROLF Flowerbomb Eau de Parfum

Sweet Floral ရနံ့လေးဖြစ်တဲ့အတွက် တစ်ခါတစ်လေ မိန်းမသားအရမ်းဆန်ချင်တဲ့နေ့တွေမှာ သူ့ကို ဆွတ်ထားရင် လုံးဝကို Perfect & Sweet Day လေးပါပဲ။ ချိုချိုအီအီအနံ့တွေက ခေါင်းမူးတယ် အနံ့သင်းသင်းလေးပဲကြိုက်တယ်ဆိုတဲ့ မမတွေ ညီမလေးတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။