Gym ဆော့လို့ ဒါမှမဟုတ် Diet လုပ်လို့ ဝိတ်ကျသွားပြီဆို အများစုကြုံရတာက အရင်ကရှိတဲ့အဝတ်အစားတွေ ချောင်ကုန်တာပါ။ အထူးသဖြင့် ဂျင်းဘောင်းဘီတွေပါ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ဒီအတွက် အဖြေတစ်ခုရှိပါတယ်။ အဲ့ဒါက ဂျင်းဘောင်းဘီကို သေးအောင် ကျုံ့တာပါ။ ဒါဆို ဒီတော့ ဂျင်းဘောင်းဘီကို ဘယ်လိုကျုံ့ရမလဲ ?

Dry Ice

ဂျင်းဘောင်းဘီကို ပလပ်စတစ်အိတ်ထဲမှာ အလုံပိတ်ပြီးရင် နောက်ပလပ်စတစ်အိတ်ထဲမှာ ထည့်ပြီး ချည်လိုက်ပါ။ ပြီးရင် ရေခဲခြောက်ပေါ်တင်ပြီး ကျုံ့သွားအောင် နာရီနည်းနည်းလောက် ထားလိုက်ပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက ရေခဲခြောက်တွေ အငွေ့ပျံသွားတဲ့အခါ တချို့အထည်တွေက တောင့်တင်းပြီး ပျက်စီးသွားတတ်ပါတယ်။

မီးပူ

ဂျင်းဘောင်ဘီကို အမွှေးရည်ဖြန်းပြီး တိုက်လိုက်ပါ။ တိုက်တဲ့အခါ Cotton Setting နဲ့ တိုက်ပေးပါ။ ဂျင်းဘောင်းဘီတွေ လုံးဝခြောက်သွားပြီဆိုရင် ဝတ်လို့ရပါတယ်။

သစ်သားဇွန်း

ဇလုံကို ရေနွေးနွေးလေးနဲ့ ဖြည့်ပြီး ဂျင်းဘောင်းဘီကို စိမ်လိုက်ပါ။ ပြီးရင် ဂျင်းဘောင်ဘီကို ရေပြောင်အောင် ညှစ်လိုက်ပါ။ သစ်သားဇွန်း/ယောင်းမတို့နဲ့ ဘောင်းဘီကို ထုပေးပါ။ နောက်တစ်ဖက်ကိုလည်း အတူတူပဲလုပ်ပေးပါ။

ရေခဲသေတ္တာ

ဂျင်းဘောင်းဘီကို ရေခဲသေတ္တာထဲမှာ တစ်ညလုံးထားပြီး နောက်နေ့မနက်မှာ ထုတ်လိုက်ပါ။ တစ်ရက် နှစ်ရက်ကြာပြီးရင် ဘောင်းဘီကကျုံ့သွားပြီး ဝတ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ချည်သားနဲ့လုပ်ထားတဲ့ ဂျင်းဘောင်းဘီတွေကိုတော့ မထည့်ပါနဲ့ ။ ဘာလို့လဲဆိုတော့ ချည်ကအေးပြီး အခြောက်ခံလိုက်ရင် တောင့်တင်းသွားတာမလို့ပါ။

အခြောက်ခံစက်

ဂျင်းဘောင်းဘီကို အဝတ်လျှော်စက်ထဲထည့်ပြီး အပူဆုံးအပူချိန်မှာ ထာလိုက်ပါ။ ပြီးရင်တော့ အခြောက်ခံစက်ထဲမှာ ထားလိုက်ပါ။ လုံးဝခြောက်သွားတဲ့အထိ စောင့်ပါ။ ပြီးရင်တော့ ကျုံ့နေတဲ့ဂျင်းဘောင်ဘီကို ရပါပြီ။

ပြုတ်နည်း

အပူချိန် ၇၀ ဒီဂရီရှိတဲ့ရေပူကို အိုးတစ်လုံးထဲထည့်ပြီး ဂျင်းဘောင်းဘီကိုစိမ်လိုက်ပါ။ ရေအရမ်းပူရင် အထည်ပျက်သွားနိုင်တာမလို့ ရေအပူချိန်ကို ဂရုစိုက်ဖို့လိုပါတယ် ။ ဂျင်းဘောင်းဘီကို လုံးဝမြုပ်အောင် ဇွန်း/တခုခုသုံးပြီး သေချာထားပါ။ ရေကို တစ်ကြိမ်လောက်မွှေပေးပြီး မိနစ် 20 30 လောက်ထာပေးပါ။ ပြီးမှ ရေအေးနဲ့လျှော်ပြီး အခြောက်ခံပါ။ စိမ်တဲ့အခါ Softener မသုံးပါနဲ့ ။