Social Media အသုံးပြုခြင်းမှာ သင့်အတွက် ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိပါတယ်။ သင်သွားစရာမလိုဘဲ သင်မသိသေးတဲ့ ကမ္ဘာကြီးအကြောင်းကို Social Media ကနေ သင်ယူနိုင်ပါတယ်။ Social Media ကတဆင့် သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်သလို သင့်ဘဝပိုလွယ်ကူသွားစေဖို့လည်း Social Media ကိုအသုံးပြုနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကိုယ်အားတဲ့အချိန် Social Media ကိုသုံးရင်း ကိုယ့်အတွက်ပါ အကျိုးရှိမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Social Media ကတစ်ဆင့် သင့်ကိုယ်သင်မြှင့်တင်နိုင်တယ်

သင်တတ်ကျွမ်းတဲ့အရာ သင်ဝါသနာပါတဲ့အရာ စိတ်ဝင်စားတဲ့အရာတွေကို သင့် Facebook ကတဆင့်တင်ထားနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့် Career အတွက် အကူအညီဖြစ်သလို ရှုထောင့်အမျိုးမျိုးကနေလည်း ကူညီပေးနိုင်ပါတယ်။ သင်အောင်မြင်သွားတဲ့အရာတွေကို Facebook Instagram စတာတွေမှာ တင်ပေးပါ။

၂။ သင်ယူပါ

မြန်မာနိုင်ငံမှာ လူငယ်အများစုက Facebook ကိုအသုံးများကြပါတယ်။ Facebook အပြင် Youtube ကိုပါ အသုံးပြုသင့်ပါတယ်။ Facebook Page တွေကတင်တဲ့ Video တွေကလည်း Youtube ကဒေါင်းယူထားတဲ့ Video တွေပါ။ Youtube ကနေ အပ်ချုပ်နည်း၊ ဟင်းချက်နည်းစတဲ့ သင်စိတ်ဝင်စားတဲ့ အတတ်ပညာတွေကို သင်ယူနိုင်ပါတယ်။ Do it yourself လို့ခေါ်တဲ့ DIY နည်းလမ်းတွေလည်း အမြောက်အမြားတင်ထားတာမို့ သင့်အတွက် အမှန်တကယ်အကျိုးရှိမှာပါ။

၃။ သတင်း Page တွေကို Like လုပ်ထားပါ

Social Media ကနေတဆင့် တကမ္ဘာလုံးဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သိနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတင်တာ သူများဓာတ်ပုံတွေလိုက်ကြည့်တာထက် သတင်းတွေဖတ်တာက သင့်ကို ဗဟုသုတပိုတိုးစေပါတယ်။

၄။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်ပါတယ်

Source: CNBC

ကိုယ်နဲ့ဝေးကွာသွားတဲ့ သူငယ်ချင်းတွေကို Facebook Instagram စတာတွေမှာ Add, Follow လုပ်ထားပါ။ သူတို့နဲ့ အမြဲအဆက်အသွယ်ရှိပါစေ။ ဒီလိုလုပ်တာက သင်အကူအညီလိုလာတဲ့အချိန် သင့်မိတ်ဆွေတွေဆီကနေ အလွယ်တကူရနိုင်ပါတယ်။

၅။ အမြဲတက်တက်ကြွကြွနေနိုင်တယ်

Pinterest ဆိုတဲ့ Application ကလည်း ပျိုမေတွေအတွက် အကြောင်းအရာပေါင်းစုံကိုပြောပြနိုင်ပါတယ်။ Pinterest မှာ သင့်အတွက် အလှအပနဲ့ဆိုင်တာတွေ၊ ဖက်ရှင်ကျအောင်နေနည်းတွေ၊ ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့နည်းလမ်းတွေ၊ စိတ်ခွန်အားတက်ကြွစေတဲ့ ဓာတ်ပုံများစွာရှိပါတယ်။ သင်စိတ်ဓာတ်ကျတဲ့အချိန်တိုင်း Pinterest က စိတ်ခွန်အားတက်စေတဲ့ ဆောင်ပုဒ်တွေကို ဖတ်နိုင်ပါတယ်။

၆။ Social Media ပေါ်မှာအမြဲ Active ဖြစ်နေပေးပါ

သင့်ရဲ့ အယူအဆတွေ စိတ်ကူးတွေကို သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူတို့ပြောတဲ့ ဗဟုသုတရစရာတွေကိုလည်း သင်သိနိုင်သလို သင်ပြောတဲ့အရာတွေကိုလည်း သူတို့က နားထောင်ပေးနိုင်ပါတယ်။

MyStyle Myanmar ပရိတ်သတ်တွေကော Social Media ကိုဘယ်လိုနည်းလမ်းတွေနဲ့ အကျိုးရှိအောင် အသုံးချကြလဲ။ ဖြေသွားကြပါဦးနော်။

Source: Pinterest