လူတိုင်းလိုလို ပျော်ရင်ပဲဖြစ်ဖြစ် စိတ်ညစ်ရင်ပဲဖြစ်ဖြစ် အပျင်းပြေပဲဖြစ်ဖြစ် သီချင်းနားထောင်ကြပါတယ်။ သီချင်းတွေမှာ လူတွေရဲ့ စိတ်ကိုပြောင်းလဲပေးနိုင်တဲ့ ပါဝါတွေရှိပါတယ်။ စိတ်ညစ်နေသူကိုပျော်အောင် စိတ်ဓာတ်ကျနေသူကို စိတ်ဓာတ်တက်ကြွအောင် စသည့်ဖြင့် လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။

ဒီနေ့မှာတော့ သီချင်းနားထောင်ခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။

သီချင်းနားထောင်ခြင်းက သင့်ရဲ့စိတ်ကို ပျော်ရွှင်မှုအပြည့်အဝ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သီချင်းနားထောင်တဲ့အခါ ဦးနှောက်က Doparmine လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပေါ်လာစေပြီး အဆိုပါဟော်မုန်းက ပျော်ရွှင်မှုကို ဖြစ်စေတာဖြစ်ပါတယ်။ ဒါကြောင့် သီချင်းမြူးမြူးကြွကြွလေး ဖွင့်ထားမယ်ဆိုရင် ပျော်ရွှင်စွာလိုက်ဆိုမိတာ ကိုယ်လက်အမူအရာလေးတွေကို စည်းချက်ညီညီ လိုက်လုပ်မိကြတာဖြစ်ပါတယ်။

သီချင်းတွေက သင့်အတွက် အကောင်းဆုံးအဖော်မွန်ဆိုလည်း မမှားပါဘူး။ မနက်ခင်း ရုံးသွားရင်းဖြစ်စေ ၊ ကားမောင်းနေစဉ်ဖြစ်စေ ၊ ရေချိုးရင်းဖြစ်စေ ၊ အားကစားနေရင်ပဲဖြစ်စေ အချိန်တိုင်းသီချင်းလေးတွေက သင့်ကိုအမြဲအဖော်ပြုနေမှာပါ။ ဒါကြောင့် သီချင်းလေးတွေသာ နားထောင်နေမယ်ဆိုရင် အထီးကျန်ခြင်းဆိုတာကလည်း အဝေးဆုံးကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

စိတ်ညစ်စရာတွေ အရမ်းများလာတဲ့အခါ စိတ်ဖိစီးစရာတွေနဲ့ မွန်းကျပ်နေတဲ့အခါ တခြားသောအရက်သောက် ဆေးလိပ်သောက်တာ စသည်ဖြင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေမယ့်အရာတွေမလုပ်ပါနဲ့။ ငွေကြေးကုန်ကျမှုလည်းမရှိ စိတ်ဖိစီးမှုတွေကိုလည်း အမြန်ဆုံးလျော့ကျချင်တယ်ဆိုရင် သီချင်းသာ နားထောင်လိုက်ပါ။ သီချင်းတွေက ကိုယ့်ရဲ့စိတ်စွမ်းအားကို မြှင့်တင်ပေးတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေမှာ အမှန်ပါပဲ။

သီချင်းတွေက သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ သီချင်းတစ်ပုဒ်ကို ၃ ခါလောက် ဆက်တိုက်နားထောင်လိုက်တဲ့အခါ သီချင်းစာသားတစ်ချို့ကို မှတ်မိသွားစေပါတယ်။ ဒါဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို မြင့်တင်ပေးတာကြောင့်ဖြစ်ပါတယ်။ ဒီလိုပါပဲ မှတ်ရခက်တဲ့စာတွေကို သီချင်းလိုကဗျာလို လုပ်ကျက်တဲ့အခါ ပိုပြီးမှတ်ရ လွယ်ကူစေမှာဖြစ်ပါတယ်။