ကိုယ့်အတွက်ကိုယ် အချိန်ပေးရင်း ကိုယ့်ကိုယ်ကို ချစ်တတ်လာခြင်းအားဖြင့် ဘဝအတွက် ဘယ်လိုကောင်းမွန်တဲ့ရလဒ်တွေ ရနိုင်မလဲ လေ့လာကြည့်ရအောင်။

(၁) ၁၀၀ ရာခိုင်နှုန်း ချစ်တတ်လာမယ်

ကိုယ့်ကိုယ်ကိုမှ ပျော်အောင်မထားတတ်ဘူးဆိုရင် ကိုယ်မဟုတ်တဲ့ အခြားလူတစ်ယောက်ကို ဘယ်လိုပျော်အောင်ထားနိုင်မလဲ။ Relationship တစ်ခု တည်ဆောက်တော့မယ် တည်မြဲအောင်ကြိုးစားမယ်ဆိုရင် ဒီအချက်ဟာ အရေးကြီးဆုံးအချက်ပါပဲ။

ကိုယ့်ကိုယ်ကို ၁၀၀ ရာခိုင်နှုန်း ချစ်ပေးတတ်မှ ကိုယ့်ရဲ့ လက်တွဲဖော်အပေါ် ၁၀၀ ရာခိုင်နှုန်း ဘယ်လိုချစ်ပေးရမယ် ဘယ်လိုနားလည်ပေးရမယ်ဆိုတဲ့ အရာတွေသိလာနိုင်မှာဖြစ်ပါတယ်။

အဲ့လိုမှသာ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုအနေနဲ့ ခိုင်မြဲမှုတွေ တိုးပွါးလာမှာဖြစ်ပါတယ်။

(၂) စွန့်လွှတ်တတ်လာမယ်

Love Yourself ရဲ့အနောက်မှာ Value Yourself လေးကပ်ပါလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုမေ့လျော့ပြီး Toxic Relationship တစ်ခုထဲ ရောက်မှန်းမသိ ရောက်သွားတတ်ကြပါတယ်။

ကိုယ့်ကိုဂရုမစိုက်တဲ့သူကိုမှ တွယ်တာနေတတ်တာမျိုး၊ ကိုယ့်ကိုနာကျင်စေသူကိုမှ တပ်မက်နေတတ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ ချစ်ခြင်းမေတ္တာဆိုတာဟာ ကိုယ့်တန်ဖိုးကိုပစ်ချပြီး ရွေးချယ်ရမယ့်အရာမျိုး မဟုတ်ဘူးဆိုတာပါပဲ။

ဒါမှ ကိုယ့်တန်ဖိုးနားမလည်တဲ့သူကို အမျှသာဝေပြီး ရာသက်ပန်စွန့်လွှတ်တတ်လာမှာပေါ့။

(၃) ပရော်ဖက်ရှင်နယ်ဆန်လာမယ်

အားလုံးမှာ Idol ဆိုတာရှိတတ်ကြပါတယ်။ ကိုယ့် Idol ဘာတွေလုပ်တယ်၊ ဘယ်လိုအရာတွေစိတ်ဝင်တစားရှိလဲ သိချင်တတ်ကြပါတယ်။ အဲ့ဒီ Idol နေရာမှာ ကိုယ့်ကိုယ်ကိုထားကြည့်ပြီး ကိုယ်ဘာဖြစ်ချင်တယ် ဘယ်လိုအရာတွေ စိတ်ဝင်စားတယ်ဆိုတာ လေ့လာနေရတာ ပိုအကျိုးရှိစေမှာပါ။

ကိုယ့်ရဲ့ Personal Development အတွက် လမ်းစတွေပေါ်လာပြီး ကိုယ့်ရဲ့ Professionalism ဟာ ပိုပြီးအရောင်သွေးစုံလာမှာ အမှန်ပါပဲ။

(၄) ပိုကျန်းမာလာမယ်

ကိုယ့်ကိုယ်ကိုပိုချစ်လာတာနဲ့အမျှ ကိုယ့်ရဲ့ Lifestyle မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေစတင်လာပါပြီ။ ကိုယ်ချစ်တဲ့သူကို ဘေးဖြစ်စေမယ့်အရာတွေ မလိုလားသလိုပါပဲ။ ကိုယ့်ကျန်းမာရေး၊အလှအပတွေကို တန်ဖိုးထားတတ်လာတာနဲ့အမျှ ထိခိုက်မယ့်အရာတွေကို အလိုလိုရှောင်ကြဉ်ပြီးသားဖြစ်လာမှာပါ။