လေ့ကျင့်ခန်းတွေ အများကြီးမလုပ်နိုင်ဘူးဆိုရင်တောင်မှ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကိုတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုအဖြစ်နဲ့ ပုံမှန်လမ်းလျှောက်ပေးမယ်ဆိုရင် ဒီလိုကောင်းကျိုးတွေ ရရှိလာမှာပါ။

မနက်တိုင်းလမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ၄၅ မိနစ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဝိတ်ကျလာမယ်၊ ကိုယ်ရည်စစ်လာပါမယ်။
ပုံမှန် လေ့ကျင့်ခန်းတစ်ခုအဖြစ်နဲ့ လမ်းလျှောက်ပေးခြင်းက နှလုံးကျန်းမာရေးလည်း ပိုကောင်းလာပြီး အမောခံနိုင်လာတယ်၊ သက်လုံပိုကောင်းလာစေပါတယ်။

သွေးပေါင်ချိန်ပုံမှန်မရှိတဲ့သူတွေဆိုရင်လည်း လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ သွေးပေါင်ချိန်ကို ထိန်းညှိုပေးပြီး သွေးပေါင်ချိန်မှန်လာစေပါတယ်။

လမ်းလျှောက်တာကို လေ့ကျင့်ခန်းတစ်ခုအဖြစ်နဲ့ နေ့တိုင်းလုပ်သွားမယ်ဆိုရင် အရိုးအဆစ်တွေလည်း သန်စွမ်းကျန်းမာလာပါမယ်။ ဒါကြောင့်လည်း သက်ကြီးပိုင်းတွေကအစ လမ်းလျှောက်ပေးသင့်တာပါ။

မနက်စောစော လမ်းထလျှောက်ပြီး လေကောင်းလေသန့်ရှူပေး၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင် အဆုတ်အားလည်း ပိုကောင်းလာပါမယ်။

ပုံမှန် လေ့ကျင့်ခန်းအဖြစ်နဲ့ လမ်းလျှောက်ပေးမယ်ဆိုရင် ကိုယ်ခံအား ပိုကောင်းလာပြီး နေရတာလည်း ပိုပြီးတော့ ပေါ့ပါးမှု ရှိလာပါမယ်။

အပေါ်မှာပြောခဲ့တဲ့ အချက်တွေတင်မကပဲ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလည်း ပိုပြီးတော့ တိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါကြောင့်လည်း လမ်းလျှောက်ပေးတာက ကျန်းမာရေးအတွက် အရမ်းကောင်းတာပါ။

နောက်ဆုံးတစ်ချက်ကတော့ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းတစ်ခုအဖြစ်နဲ့ လမ်းလျှောက်ပေးမယ်ဆိုရင် Stress တွေ လျော့ကျပြီး စိတ်ပေါ့ပါးမှု ရှိလာစေမယ်၊ Mood ပိုကောင်းလာစေပါမယ်။