Primer ဆိုတာက Face Category မှာ အဓိကကျတဲ့ အလှကုန်ပစ္စည်းဖြစ်ပြီး မိတ်ကပ်လိမ်းထားတာကိုလည်း ကြာရှည်ခံစေတဲ့အရာအဖြစ်နဲ့ လူသိများပါတယ်။ မိတ်ကပ်မလိမ်းခင်မှာ Primer ကို အရင်လိမ်းပေးခြင်းက ဒီလိုကောင်းကျိုးတွေကို ရရှိစေပါတယ်။

ချွေးပေါက်တွေကို Fine Lines တွေကိုလျှော့ချပေးခြင်း

Primer က အသားအရေအမျိုးအစား အားလုံးအတွက် သင့်လျော်တဲ့အတွက် မျက်နှာမှာရှိတဲ့ Fine Lines တွေနဲ့ အရေးအကြောင်းတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို ဖုံးပေးနိုင်ပြီး လိမ်းထားတဲ့မိတ်ကပ်ကို ပိုချောမွေ့ပြီး လှပစေပါတယ်။

Matte Finish ရစေခြင်း

Hydrating Primer တွေက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး မိတ်ကပ်ပိုလိမ်းလို့ကောင်းစေပါတယ်။ ဒါ့အပြင် Matte Finish ပါတဲ့ Primer က အပြစ်အနာအဆာကင်းတဲ့ မိတ်ကပ်အသွင်အပြင်ကို ပေးနိုင်ရုံသာမကပဲ မျက်နှာမှာရှိတဲ့ အဆီပိုတွေကိုလည်း စုပ်ယူပေးပါတယ်။

လိမ်းထားတဲ့မိတ်ကပ်ကိုကြာရှည်ခံစေခြင်း

မိတ်ကပ်မလိမ်းခင်မှာ Primer လိမ်းပေးခြင်းက ပြင်ထားတဲ့မိတ်ကပ် ကို Cakey မဖြစ်စေသလို မိတ်ကပ်သားသိပ်သိပ်ညက်ညက်လေးနဲ့ လှပြီးတော့ လိမ်းထားတဲ့မိတ်ကပ်လည်း ကြာရှည်ခံစေပါတယ်။

Lightweight ဖြစ်ခြင်း

Primer လိမ်းထားရင် မျက်နှာက မိတ်ကပ်လိမ်းပြီး စေးကပ်တာမျိုး လုံးဝမဖြစ်စေသလို အဆီကိုလည်း ထိန်းပေးပါတယ်။ Primer လိမ်းပြီးတာနဲ့ အရေပြားထဲစိမ့်ဝင်သွားသလို နောက်ထပ်အကျိုးကျေးဇူးကတော့ စေးကပ်မှုလုံးဝမဖြစ်စေပါဘူး။ Primer လိမ်းပြီးတာနဲ့ အရေပြားထဲကို စိမ့်ဝင်သွားသလို Lightweight လည်းဖြစ်ပါတယ်။

Apply လုပ်ရလွယ်ကူခြင်း

Primer လိမ်းရတာလည်း လက်ချောင်းလေးတွေနဲ့ အလွယ်တကူ Blend လုပ် လိမ်းနိုင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ပိုပြီးဆွဲရလွယ်ကူအောင် ပိုပြီး Blend လုပ်ရလွယ်ကူအောင် ကူညီပေးပါတယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းခင်မှာ Primer လိမ်းပေးသင့်ပါတယ်။