တစ်ခါတစ်လေကျရင် သဘာဝနည်းလမ်းတွေက ပိုပြီးတော့ အကျိုးရှိစေပါတယ်။ ဒီတစ်ခါမှာလည်း မျက်နှာအသားအရေအတွက် ပျားရည်နဲ့ နွားနို့ရဲ့ ကောင်းကျိုးတွေနဲ့ ဘယ်လိုသဘာဝနည်းတွေလုပ်ပြီး မျက်နှာအတွက် သုံးလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပျားရည်နဲ့နွားနို့က မျက်နှာအသားအရေအတွက် Moisture ကောင်းကောင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေလည်း နူးညံ့ချောမွေ့စေတယ်။ ဝက်ခြံတွေသက်သာအောင်လည်း ကုသပေးနိုင်ပါတယ်။

မျက်နှာအသားရေလေး အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့စေဖို့ ပျားရည်နဲ့ နွားနို့ကိုသုံးပြီး မျက်နှာသစ်လို့ရပါတယ်။

ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောမွှေပါ။ ပြီးရင် Cotton Pad လေးနဲ့တို့ယူပြီး မျက်နှာကို စက်ဝိုင်းပုံစံ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ထားပြီး ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ သုံးနေကျ မျက်နှာသစ်ဆေးနဲ့ သစ်နိုင်ပါတယ်။

မျက်နှာအသားအရေလေး နူးညံ့ပြီး ကြည်လင်လာစေဖို့ Healthy Skin ဖြစ်လာစေဖို့ ပျားရည်နဲ့ နွားနို့ကို Face Mask အဖြစ်နဲ့ သုံးနိုင်ပါတယ်။

ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး Microwave ထဲ စက္ကန့်ပိုင်းလောက် ထည့်ထားပါ။ ပြီးရင်တော့ Brush (သို့) လက်နဲ့ပဲယူပြီး မျက်နှာမှာ သေချာပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ်ထားပြီး ရေအေးနဲ့ မျက်နှာသစ်၊ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

ရေဓာတ်ပြည့်ဝပြီး ကြည်လင်တဲ့ မျက်နှာအသားအရေလေးရဖို့ ပျားရည်နဲ့ နွားနို့ကိုသုံးပြီး Face Scrub လည်း ပြုလုပ်နိုင်ပါတယ်။

ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ Oat – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး လက်နဲ့ယူကာ မျက်နှာကို စက်ဝိုင်းပုံစံ ဖြေးညှင်းစွာ ပွတ်ပေးပါ။ နေရာအနှံ့ပွတ်ပေးပြီးရင် ၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။ မျက်နှာသစ်ဆေးက သုံးရင်လည်းရသလို မသုံးပဲ ရေနဲ့ပဲသစ်မယ်ဆိုလည်း ပြောင်အောင်သစ်ရင် ရပါပြီ။

Source:www.stylecraze.com