Face Roller ကိုမှ များသောအားဖြင့် အမျိုးအစား (၂) မျိုးတွေ့နိုင်ပါတယ်။များသောအားဖြင့် ပန်းရောင် Rose Quartz နဲ့ အစိမ်းရောင် Jade ဆိုပြီး Face Roller နှစ်မျိုးကို ဈေးကွက်တွေမှာ တွေ့ရလေ့ရှိကာ ပျိုမေအများစုက Rose Quartz Jade Roller ကို သုံးတတ်ကြပါတယ်။ ဒါ့အပြင် Rose Quartz က ပို အကျိုးကျေးဇူးများတယ်လို့ သိရပါတယ်။

ဒီတစ်ခေါက်မှာတော့ Face Roller ဝယ်ရင်ကောင်းမလား ချင့်ချိန်နေတဲ့ ပျိုမေတို့နဲ့ Face Roller ဝယ်ပြီးသား ပျိုမေတို့ ဗဟုသုတ ရဖို့ Face Roller ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Serum နဲ့ Cream တွေကို ပိုစုပ်ဝင်စေတယ်

Serum နဲ့ Cream ကို မျက်နှာပေါ် လိမ်းပြီးနောက် Roller နဲ့ လှိမ့်နိုင်ပါတယ်။ ဒီလို လှိမ့်ပေးရင် မျက်နှာထဲ Cosmetic တွေ ပို စိမ့်ဝင်စေနိုင်ပါတယ်။

၂။ မျက်နှာဖောင်းတာနဲ့ အစက်အပြောက်တွေကို လျော့ပါးစေတယ်

တချို့တွေက နိုးတာနဲ့ ပါးဖောင်းဖောင်းလေးနဲ့ နိုးလာတတ်ကြပါတယ်။ မျက်နှာဖောင်းတာကို Face Roller က သက်သာစေတဲ့အပြင် အစက်အပြောက်တွေကိုပါ လျော့ပါးစေနိုင်ပါတယ်။

၃။ အရေးအကြောင်း သက်သာစေပြီး အသားအရေ တောက်ပစေတယ်

Face Roller က သင့်အသားအရေကို တောက်ပစေဖို့ ကူညီပေးတဲ့အပြင် မျက်နှာပေါ်က အရေးအကြောင်းတွေကိုပါ သိသာသာသာ လျော့ကျစေတာကြောင့် Anti-Aging Effect ပေးနိုင်တယ် ပြောရပါမယ်။

၄။ သွေးလည်ပတ်မှုကောင်းစေတယ်

မျက်နှာကို Face Roller နဲ့ လှိမ့်ပေးရတာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး အသားအရေ Tone ကို ညီညာစေပါတယ်။

၅။ စိုးရိမ်ပူပန်မှု သောကတွေကို လျော့ကျစေတယ်

Face Roller က မျက်နှာ အသားအရေအတွက်တင် မကပါဘူး။ စိတ်ကျန်းမာရေးကိုပါ အကျိုးပြုနိုင်ပါတယ်။ Face Roller နဲ့ မျက်နှာကို လှိမ့်ပေးမယ်ဆိုရင် သင့်စိတ်ပူပန်မှု လျော့ကျကာ အမောပြေစေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar