ခရီးသွားရတာကိုတော့ လူတိုင်းလိုလို သဘောကျတာပါပဲ။ အထူးသဖြင့် ဘဝမှာတစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့ ခရီးတူတူ သွားသင့်ပါတယ်။ သူငယ်ချင်းတွေစုပြီး ခရီးသွားရတဲ့ Feeling က အရမ်းကို ပေါ့ပါးပြီး ပျော်ရွှင်စရာကောင်းပါတယ်။ တချို့ဆို အနည်းဆုံး တစ်နှစ်တစ်ခါတော့ သူငယ်ချင်းတွေစုပြီး ခရီးသွားတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ခရီးမသွားဖူးသေးတဲ့ သူတွေရှိရင်လည်း သွားကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အတူတူခရီးသွားခြင်းကြောင့် ဒီလိုကောင်းကျိုးတွေလည်း ရရှိစေပါတယ်။

ပိုပြီးပျော်စရာကောင်းခြင်း

သူငယ်ချင်းတွေစုပြီး စကားပြောရတာ၊ အပြင်လျှောက်သွားပြီး Chill ရတာတောင် ပျော်စရာကောင်းတာ စုပြီးသာခရီးသွားရမယ်ဆိုရင်တော့ ဘယ်လောက်တောင် ပျော်စရာကောင်းမလဲ စဉ်းစားသာကြည့်တော့နော်။ မသွားခင်ထဲက တစ်ခုခုဆို တက်ညီလက်ညီနဲ့ ပြင်ဆင်ပြီးလုပ်ရတာကအစ ပျော်စရာကောင်းပါတယ်။ သွားချင်တဲ့နေရာတွေကို သူငယ်ချင်းတွေနဲ့ တူတူစုပြီး ခရီးထွက်လိုက်ရင် ဘာနဲ့မှမတူတဲ့ ပျော်ရွှင်မှုမျိုး ရရှိမှာပါ။

ရင်းနှီးမှုပိုရလာခြင်း

သူငယ်ချင်းတွေစုပြီး ခရီးသွားတဲ့အခါမှာ အရင်ထက်ပိုပြီး ရင်းနှီးလာကြမယ်။ တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုသိလာပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ သည်းခံနိုင်မှုတွေလည်း ပိုရှိလာနိုင်ပါတယ်။

လွတ်လွတ်လပ်လပ်ရှိခြင်း

တခြားသူတွေနဲ့ သွားရတာထက်စာရင် သူငယ်ချင်းတွေနဲ့ သွားရတာက ပိုပြီး လွတ်လွတ်လပ်လပ်ရှိပါတယ်။ လူငယ်တွေဆို ပိုသဘောကျမှာပါ။ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးနေမယ့် ခံစားမှုမျိုးကို အပြည့်အဝရရှိစေမှာပါ။ ဒါကြောင့် လူငယ်တွေဆို ပိုတောင်သွားသင့်ပါတယ်။

မမေ့နိုင်စရာအမှတ်တရတွေရရှိစေခြင်း

သူငယ်ချင်းတွေနဲ့ ခရီးသွားတဲ့အခါ မသွားခင် ပြင်ဆင်ရတာတွေက ပျော်စရာကောင်းသလို သွားတဲ့တောက်လျှောက်လည်း ပျော်ရတယ်။ သွားပြီးတော့လည်း မမေ့နိုင်စရာ အမှတ်တရကောင်းတွေက ကျန်ရစ်နေမှာပါ။ တစ်ခါသွားဖူးရင် ထပ်ထပ်ပြီး သွားချင်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့တူတူ ခရီးသွားပြီး ပျော်စရာကောင်းတဲ့ မမေ့နိုင်စရာ အမှတ်တရလေးတွေကို ဖန်တီးကြည့်ပါ။