ထိုင်ထလုပ်တာ (Squat) ထိုင်တာက ကိရိယာမလိုဘဲ နေရာတိုင်းမှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ Gym ဆော့တဲ့အချိန်မှာလည်း Squat ထိုင်တာက ပါတာပါပဲ။ သင်က အချိန်ပေးနိုင်တယ်ဆိုရင် တစ်နေ့ကို ထိုင်ထ အခါ (၅၀) လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ တခြားလေ့ကျင့်ခန်းတွေပါ လုပ်ပေးတယ်ဆိုရင်တော့ ထိုင်ထ အခါ (၂၀) က လုံလောက်ပါတယ်။ Squat ထိုင်တဲ့အချိန် အကျိုးကျေးဇူးတွေကို သိထားတဲ့အခါ လုပ်ရတာ Motivation ပိုရပါလိမ့်မယ်။ ဒီတော့ ထိုင်ထလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ထိုင်ထလုပ်တာက ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်

၂။ ထိုင်ထလုပ်တာက ကယ်လိုရီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်

  • ထိုင်ထလုပ်တဲ့အချိန် အလေးတုံးနဲ့ လုပ်ပေးတယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းတာပိုမြန်ပါတယ်။


၃။ ထိုင်ထလုပ်တာက အရိုးပျော့ပျောင်းစေပါတယ်။

၄။ ထိုင်ထလုပ်ခြင်းက ဟန်ချက်ထိန်းခြင်းကို တိုးတက်စေပါတယ်။

၅။ နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေပါတယ်။


၆။ ထိုင်ထလုပ်ခြင်းကြောင့် အရိုးသန်မာလာစေပါတယ်။

၇။ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စေပြီး ခုန်တဲ့အခါ ပိုသန်မာလာစေပါတယ်။ အထူးသဖြင့် ခုန်ရတဲ့ အားကစားတွေအတွက် ထိုင်ထပုံမှန်လုပ်ပေးတာက အကျိုးသက်ရောက်မှုရှိပါတယ်။


၈။ ကိုယ်နေဟန်ထား မှန်ကန်စေတယ်။

၉။ ထိုင်ထလုပ်တာက အစာချေခြင်းနဲ့ သွေးလည်ပတ်ခြင်းကို ကောင်းမွန်စေပါတယ်။

၁၀။ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေကို ပိုလွယ်ကူစေပါတယ်။ ထိုင်ရာက ထတဲ့အချိန် အရင်ကလို အားသိပ်မစိုက်ရဘဲ ပေါ့ပါးနေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar