တချို့က ကြမ်းပြင်မှာအိပ်ရတာ ပိုသက်တောင့်သက်သာရှိလို့ဆိုပြီး ကြိုက်ကြတယ်။ တချို့ကျတော့လည်း ကြမ်းပြင်မှာအိပ်ရတာ မကြိုက်ဘူး၊ မွှေ့ယာပေါ်မှာအိပ်ရတာပဲ ကြိုက်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြမ်းပြင်မှာအိပ်ရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေ ရှိပါတယ်နော်။

ကြမ်းပြင်မှာအိပ်ခြင်းက နောက်ကျောနာကျင်တာ၊ ခါးနာတာကို သက်သာစေပါတယ်။ ဒါကြောင့် ခါးနာနေပြီး၊ နောက်ကျောနာနေပြီဆိုရင် မွှေ့ယာပေါ်မှာမအိပ်ပါနဲ့။ မွှေ့ယာပေါ်မှာအိပ်တာက သက်တောင့်သက်သာဖြစ်ပေမယ့် ခါးနာတာတွေကို မသက်သာစေပါဘူး။ ကြမ်းပြင်မှာ ဒီတိုင်းအိပ်တာက သက်သာစေပါတယ်။

ကြမ်းပြင်မှာ ဒီတိုင်းအိပ်တာက ခန္ဓာကိုယ်အနေအထားလည်း မှန်စေပါတယ်။ ခါးကြီးကုန်းနေတယ်။ လက်ဖျင်ကြီးကုန်းနေတယ်၊ ခန္ဓာကိုယ်အချိုးအစား မမှန်ဘူးဆိုရင် ကြမ်းပြင်မှာအိပ်တဲ့ အကျင့်လေးလုပ်ကြည့်ပါ။

ကြမ်းပြင်မှာအိပ်တာဟာ အိပ်မပျော်တဲ့ရောဂါကိုလည်း သက်သာစေပါတယ်။ ကြမ်းပြင်မှာအိပ်ရတာ သက်တောင့်သက်သာမဖြစ်ဘူးလို့ မထင်ပါနဲ့။ အိပ်မပျော်တတ်ရင် ကြမ်းပြင်မှာ ပြောင်းအိပ်ကြည့်ပါ။

ကြမ်းပြင်မှာ ဒီတိုင်းအိပ်တာက အပူဓာတ်ကိုလည်း လျော့ကျစေပါတယ်။ အရမ်းပူနေရင် ကြမ်းပြင်မှာသာ အိပ်ပါ။ အပူဒဏ်လျော့ပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

Source:www.stylecraze.com