တချို့က ဆံပင်ကို နှမြောလို့ဆိုပြီး လုံးဝမညှပ်ပဲထားတာမျိုး၊ ဆံပင်အရှည်နှေးလို့ဆိုပြီး ပျက်စီးနေတာတွေရှိရင်တောင် မညှပ်ပဲထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တကယ်တော့ ဆံပင်ကို အများကြီးမညှပ်တောင်မှ အဖျားလောက်တော့ ညှပ်ပေးသင့်ပါတယ်။ ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေလည်း ရရှိစေပါတယ်။

ဆံပင်နှစ်ခွမဖြစ်ခြင်း

ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးရင် ပျက်စီးနေတာတွေ မရှိတော့ပဲ ဆံပင်နှစ်ခွဖြစ်တာတွေလည်း ကုန်သွားမှာပါ။ ဆံပင်နှစ်ခွဖြစ်တာတွေက မညှပ်ပဲထားရင် ပိုများလာပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ထုတ်ပေးမယ်ဆိုရင် ဆံပင်နှစ်ခွတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။

ဆံပင်မဖွာခြင်း

ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးရင် ဆံပင်ပျက်စီးနေတာတွေ မရှိတော့ပဲ ဆံပင်ဖွာနေတာတွေလည်း ပျောက်စေပါတယ်။

ဆံသားပျက်စီးမှုကိုကာကွယ်ပေးခြင်း

အပေါ်မှာပြောခဲ့သလိုပဲ ဆံပင်အဖျားတွေကို ညှပ်ထုတ်လိုက်ရင် ဆံသားပျက်စီးနေတာတွေလည်း မရှိတော့ပါဘူး။ ပုံမှန်ညှပ်ပေးသွားရင် ဆံသားပျက်စီးမှုတွေ ထပ်မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဆံသားကျန်းမာစေခြင်း

ဆံသားပျက်စီးတာတွေမရှိတော့တဲ့အတွက် ဆံသားလှပပြီး ကျန်းမာနေတဲ့ look လေးရစေပါတယ်။ တကယ်လည်း ဆံသားပိုမိုကျန်းမာလာစေပါတယ်။ ဒါကြောင့် ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးပါ။

ဆံပင်အရှည်မြန်ပြီးသန်စေခြင်း

ဆံပင်အဖျားတွေ ပျက်စီးနေတာကို မညှပ်ပဲထားရင် အရှည်နှေးပြီး အဖျားရှူးစေပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ပေးရပါမယ်။ ပုံမှန်ညှပ်ပေးရင် ဆံပင်လည်းအရှည်မြန်ပြီး ဆံပင်သန်လာစေပါတယ်။