ဘယ်လေ့ကျင့်ခန်းပဲဖြစ်ဖြစ် ကိုယ့်အတွက်အဆင်ပြေမယ့် လေ့ကျင့်ခန်းတွေကို ပုံမှန်ပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း ကောင်းကျိုးတွေဖြစ်လာမှာပါ။

စိတ်ပျော်ရွှင်စေခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက အကျင့်ဖြစ်လာရင် လေ့ကျင့်ခန်းမလုပ်ပဲ မနေနိုင်တော့တာမျိုး ဖြစ်လာပါလိမ့်မယ်။ လေ့ကျင့်လုပ်နေရင် စိတ်အားတက်ကြွပြီး စိတ်ပျော်ရွှင်စေတယ်။ စိတ်ပေါ့ပါးစေတယ်။ Stress တွေလျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးပြီးသွားရင် စိတ်ရောကိုယ်ပါလန်းဆန်းပြီး စိတ်ပျော်ရွှင်စေပါတယ်။

ဝိတ်ကျဖို့ကူညီပေးနိုင်ခြင်း

အဆီကျစေတဲ့လေ့ကျင့်ခန်း သီးသန့်လုပ်တာမျိုးမဟုတ်ရင်တောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာနဲ့တင် ကိုယ်လက်လှုပ်ရှားနေရတဲ့အတွက် ဝိတ်ကျစေဖို့ကူညီပေးပါတယ်။

အရိုးနဲ့ကြွက်သားသန်မာခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက အရိုးနဲ့ကြွက်သားတွေပါ သန်မာစေပါတယ်။ ဒါ့အပြင် Energy Level လည်း ပိုကောင်းလာပြီး အရင်ထက်လည်း အမောခံနိုင်လာပါမယ်။

အသားအရေပိုကောင်းလာခြင်း

လေ့ကျင့်ခန်းလုပ်ရင် ချွေးပုပ်တွေထွက်တဲ့အတွက် အသားအရေကြည်လင်စေပါတယ်။ ဒီတော့ အသားအရေလည်း ပိုပြီးကောင်းလာစေတယ်။ သွေးလည်ပတ်မှုလည်း ကောင်းလာစေပါတယ်။

အိပ်လို့ပိုကောင်းလာခြင်း

လေ့ကျင့်ခန်းလုပ်ပြီးရင် အိပ်လို့အရမ်းကောင်းပါတယ်။ ပုံမှန်လုပ်ပေးရင်တော့ ညဘက်တွေမှာ အရင်ထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်လာမယ်။ အရင်လို အိပ်မပျော်တာမျိုးလည်းမဖြစ်တော့ပဲ အမြန်အိပ်ပျော်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။

နာကျင်မှုတွေသက်သာစေခြင်း

လေ့ကျင့်ခန်းလုပ်ရင် စစလုပ်တဲ့ ၃ ရက် ၊ ၄ ရက်ကတော့ နာကျင်တာမျိုးဖြစ်မှာပါ။ ဒါပေမယ့် ဆက်လုပ်ပေးသွားမယ်ဆိုရင်တော့ နာကျင်တာလည်း မဖြစ်တော့ပါဘူး။ ဒါ့အပြင် အရိုးအဆစ်နာကျင်တာ၊ ခါးနာတာ စတဲ့နာကျင်မှုတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် သက်သာသွားမှာပါ။

Source:www.healthline.com