Oatmeal ကို Skin Care Products တော်တော်များများမှာ Ingredient အနေနဲ့သုံးထားတာကို သတိထားမိကြမှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ Oatmeal ကို Face Mask အနေနဲ့သုံးပေးရင် ရလာမယ့်အကျိုးကျေးဇူးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

Oatmeal မှာ amino acids, Vitamin B1, နဲ့ high zinc content တို့ပါတာမလို့ အသားညစ်တာ ၊ အသားရောင်မညီတာတို့ကို ပြုပြင်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။

Oatmeal က အရေပြားရဲ့ သဘာဝအစိုဓာတ်ကို ပြန်လည်ရရှိဖို့ကူညီပေးပါတယ်။

အသားခြောက်တာ ၊ ယားတာကို ကုသရာမှာလည်း Oatmeal က အများကြီး အထောက်အကူပြုပါတယ်။

ချွေးပေါက်မှာပိတ်နေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေကို ဖယ်ရှာပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

Oatmeal တစ်မျိုးတည်းက အသားအရေကို အစိုဓာတ်မထိန်းပေးနိုင်ပေမယ့် အုန်းဆီလိုမျိုး တခြား moisturiser နဲ့ပေါင်းလိုက်ရင်တော့ တောက်ပတဲ့အသားအရေကို ရစေပါတယ်။

Oatmeal က အဖုနဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေတဲ့အပြင် နေလောင်တာလိုမျိုး အရေပြားပျက်စီးတာတွေကို သက်သာစေနိုင်ပါတယ်။