မင်္ဂလာပါ… ပျိုမဒီတို့ရေ… တချို့မိန်းကလေးတွေရဲ့ Skin Care Routine မှာ Night Creams ကို အမှုမဲ့အမှတ်မဲ့နဲ့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ Night Creams က သင့်အသားအရေအတွက် ဘယ်လောက်ထိ အကျိုးပြုတယ်ဆိုတာကို စိတ်ကူးမိမှာ မဟုတ်ပါဘူး။အသားအရေကို နုပျိုစေပြီး ၊ ပြန်လည်ပြုပြင်ပေးတာကြောင့် အသားအရေကို အရင်ကထက် ကောင်းမွန်လာစေပါတယ်။

ဒါတွေကတော့ Night Cream နဲ့ပတ်သက်ပြီး တကယ်ကောင်းလွန်းတဲ့ သူ့ရဲ့အကျိုးကျေးဇူးတွေပါ။

Night Cream က မျက်နှာရဲ့ရေဓာတ်ကို ထိန်းသိမ်းပေးတာကြောင့် ခြောက်သွေ့နေတဲ့အသားအရေကို အစိုဓာတ်ပေးနိုင်ပါတယ်။

အသားအရေကို ညီညာစေပြီး နုပျိုတဲ့အသားအရေကို ရရှိစေပါတယ်။

အရေပြားရဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။

အရေးအကြောင်းများကို လျော့ပါးစေပြီး အသားအရေ လျော့ရဲ့ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

အသားအရေရဲ့ Elasticity ကို ပြန်လည်ထူထောင်ဖို့ ကူညီပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

ဆဲလ်အသစ်များကို ပြုပြင်ပေးပြီး အသားအရေကို အာဟာရဖြည့်ပေးပါတယ်။