တရားထိုင်နေစဥ် သီချင်းနားထောင်တာက‌ ကောင်းတယ်လို့ပြောရင် ကြားကြားချင်းတော့ ယုံရခက်နေပါလိမ့်မယ်။ တရားထိုင်တာက စိတ်ခံစားချက်ကို ငြိမ်သက်စေပြီး အတွင်းအပြင် ပြန်လည်လန်းဆန်းလာစေဖို့ ကူညီပေးပါတယ်။ နားထဲမှာ ချစ်စရာကောင်းတဲ့ ဂီတသံတွေနဲ့ တရားထိုင်ရင် စိတ်ကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်။

တေးဂီတက တရားထိုင်နေစဉ် အာရုံစူးစိုက်နိုင်စေဖို့ ကူညီပေးနိုင်တာကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။ ဒါကတော့ တရားထိုင်နေစဉ် သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။

စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်

စိတ်ဖိစီးမှုဆိုတာ ယနေ့ကမ္ဘာမှာ အဖြစ်များဆုံး ပြဿနာတွေထဲက တစ်ခုပါ။ အလုပ်က အရမ်းတောင်းဆိုနေတယ်ဆိုရင် စိတ်ဖိစီးမှုတွေ မကြာခဏ ခံစားရတတ်တာ သဘာဝပါပဲ။ တရားထိုင်နေစဉ်မှာ သာယာနူးညံ့တဲ့ တေးဂီတကို နားထောင်လိုက်တဲ့အခါ စိတ်အေးလက်အေး ခံစားရပြီး သင့်ဘဝရဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

Deep Meditation

တရားထိုင်နေစဉ် နူးညံ့တဲ့တေးဂီတကိုဖွင့်ထားပေးရင် မှတ်ဥာဏ်စွမ်းရည်ကို မြှင့်တင်ပေးပြီး ပိုမိုကောင်းမွန်စွာ တွေးတောဆင်ခြင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။ သီချင်းနားထောင်ရင်း တရားထိုင်သူတွေဟာ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို ကုသပေးပါတယ်

တရားထိုင်ခြင်းက စိတ်ဒဏ်ရာများကိုသာမက ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အဲဒါစိတ်ရဲ့ စွမ်းအားပဲ။ ခွဲစိတ်ပြီးနောက် တရားထိုင်နေစဉ် သီချင်းနားထောင်သူတွေထဲမှာ အကျိုးကျေးဇူးများစွာကိုခံစားရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ လုပ်နိုင်ရင် အများကြီး အကျိုးရှိမှာ သေချာပါတယ်။

စားကောင်းစေပါတယ်

တရားထိုင်နေစဉ်သီချင်းနားထောင်တာက စားသောက်မှုပုံစံကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ် ။ သင်ဟာ ကိုယ်အလေးချိန် မြန်မြန်ကျတတ်သူတစ်ယောက်ဆိုရင်၊ တရားထိုင်ရင်း တစ်ချိန်တည်းမှာ ပေါ့ပေါ့ပါးပါး တေးဂီတကို နားထောင်ပါ။ထမင်းစားခါနီးမှာ အပြောင်းအလဲတွေ တွေ့ရမယ်လို့ အာမခံပါတယ်။

ခံစားချက်များကို ဟန်ချက်ညီစေပါတယ်

တရားထိုင်နေစဉ် သီချင်းနားထောင်တာက သင့်စိတ်ခံစားမှုများကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ သီချင်းနားထောင်ရင်း တရားထိုင်သူတွေဟာ ဘဝရဲ့ နယ်ပယ်အားလုံးကို ဟန်ချက်ညီစေပါတယ်။

အာရုံစူးစိုက်မှုကောင်းစေပါတယ်

တရားထိုင်နေစဉ် သီချင်းနားထောင်တာက အာရုံစူးစိုက်မှုအဆင့်ကို မြင့်တက်စေပါတယ်။ အလုပ်ခွင်မှာ အလုပ်ရှုပ်နေတယ်ဆိုရင်၊ ခက်ခဲတဲ့ ပရောဂျက်အသစ်တွေကို ပိုကောင်းကောင်း အာရုံစိုက်နိုင်ပါလိမ့်မယ်။