ကိုယ့်ချစ်သူနဲ့ ဓာတ်ပုံတွေ၊ ကိုယ့်အချစ်ရေးကို တခြားသူတွေမြင်အောင် ချပြတဲ့သူတွေရှိသလို လူသိမခံချင်သူတွေလည်း ရှိပါတယ်။ လူသိမခံချင်သူတွေမှာ အမျိုးမျိုးရှိပါတယ်။ ချစ်ရသူနဲ့ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းပြီး ဘယ်သူ့မှ မသိလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ခံယူချက်ရှိသူတွေ ရှိသလို ဒီတစ်ယောက်က ကိုယ့်ဘဝအတွက် စဉ်းစားတုန်းမို့ မချပြသူတွေလည်း ရှိပါတယ်။ ဒီတော့ အချစ်ရေးကို လူမြင်အောင် မချပြဘဲ Silent တွဲခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်အချစ်ရေးကို သဘောမကျသူတွေ

ကိုယ်တွဲနေတဲ့သူက ဘယ်လိုရုပ်မျိုးလဲ၊ ကိုယ့်ထက် သာတဲ့သူလား စသဖြင့် သိချင်နေသူတွေ ရှိစမြဲပါ။ အချစ်ရေးကို Silent လုပ်ထားတဲ့အခါ သင့်အချစ်ရေးကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး လိုက်ဝေဖန်နေသူတွေရန်ကနေ ကင်းသွားပါတယ်။

၂။ ရည်းစားဟောင်းတွေရဲ့ ရန်

သင့်အကြောင်းကို လိုက်စပ်စုနေတဲ့သူတွေထဲ သင့်အချစ်ဟောင်းတွေလည်း ပါနိုင်ပါတယ်။ သင့်ချစ်သူအသစ်ကို ချပြလိုက်တာနဲ့ သင့်အချစ်ရေးမှာ လိုက်ရှုပ်ချင်သူတွေ ရှိလာတတ်ပါတယ်။ အထူးသဖြင့် သင့်ရည်းစားဟောင်းပါ။ အချစ်ရေးကို အပြင်မှာ ထုတ်မပြတဲ့အခါ ရည်းစားဟောင်းတွေရဲ့ ရန်ကလည်း ရှောင်လိုက်သလိုပါပဲ။

၃။ Social Media ပေါ် တင်စရာမလိုဘူး

ကိုယ့်အချစ်ရေးကံကောင်းကြောင်း Facebook မှာ မမောနိုင်မပန်းနိုင် ကြွားနေသူတွေကို သင်မြင်ဖူးမှာပါ။ အချစ်ရေးမှာ အဓိက ကျတာက Social Media မှာ ထုတ်ကြွားဖို့ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူအပေါ် နားလည်ပြီး ဒီအချစ်ရေးကို ဘယ်လိုသာယာပျော်ရွှင်အောင် ထားရမလဲဆိုတာပဲ အရေးကြီးပါတယ်။ သင်က RS ကို Silent လိုက်တဲ့အခါ Social Media ပေါ်မှာ ဘယ်လိုတင်သင့်လဲတွေ စဉ်းစားစရာမလိုတော့ပါဘူး။

၄။ လမ်းခွဲဖို့ ပိုလွယ်တယ်

သမီးရည်းစား ဆက်ဆံရေး အဆင်မပြေတဲ့အခါ လမ်းခွဲရတာက ပုံမှန်ပါပဲ။ သင့်အချစ်ရေးကို ထုတ်မပြတဲ့အခါ သင့်ချစ်သူနဲ့ သင် အေးအေးဆေးဆေး လမ်းခွဲနိုင်ပါတယ်။ ဒီလူက သူနဲ့ ဘယ်လောက်တွဲခဲ့တာ၊ ဒါပေမဲ့ ပြတ်သွားတယ် ဆိုတဲ့ အတင်းအဖျင်းစကားသံတွေလည်း မရှိတော့ပါဘူး။

၅။ လက်ရှိအချိန်မှာ နေထိုင်နိုင်တယ်

ရည်းစားနဲ့ဒိတ်တ်ိုင်း စားသမျှ၊ လုပ်သမျှကို လိုင်းပေါ်တင်နေရတဲ့ ကိစ္စဝိစ္စတွေနဲ့ ဝေးသွားပါတယ်။ ချစ်ရသူနဲ့ အတူ ပျော်နိုင်ဖို့ လက်ရှိဘာလုပ်နိုင်လဲဆိုတဲ့ အတွေးမျိုးပဲ ရှိပြီး သင့်ကို ပိုပျော်ရွှင်စေပါတယ်။

ဒီတော့ ရည်းစားကို Silent တွဲနေသူတွေ အပေါ်က အကျိုးကျေးဇူးတွေက ဟုတ်ရဲ့လား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar