အသားခြောက်တဲ့သူတွေနဲ့ ဆောင်းရာသီအတွက်ကတော့ ပျားရည်နဲ့လုပ်ထားတဲ့ Skincare ပစ္စည်းတွေကို သုံးပေးတာ အရမ်းကောင်းပါတယ်။ အိမ်မှာလည်း ပျားရည်နဲ့ မျက်နှာပေါင်းတင်တာမျိုး လုပ်ပေးလို့ရပါသေးတယ်။ ဆောင်းရာသီမှာဆိုရင် အသားခြောက်ပြီး မွဲခြောက်ခြောက်ဖြစ်တတ်တော့ ပျားရည်နဲ့သာ မျက်နှာပေါင်းတင်ပေးလိုက်ရင် ရရှိလာမယ့်ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

မျက်နှာအသားအရေ အိအိလေးဖြစ်ပြီး အသားချောလာမယ်။

Moisture ဓာတ် ကောင်းကောင်းပေးနိုင်လို့ အသားကြည်လာပြီး အသားအရေ Glow လာမယ်။

အသားအရေက မွဲခြောက်ခြောက်မဖြစ်ပဲ စိုစိုပြေပြေနဲ့ Skin brightening လည်း ဖြစ်လာမယ်။

ပျားရည်နဲ့အရမ်းအဆင်ပြေတဲ့သူဆိုရင် ဝက်ခြံတွေပါ သက်သာလာမယ်။ ဝက်ခြံကြောင့် နီမြန်းရောင်ရဲတာတွေ သက်သာလာမယ်။

စွဲပြီးလုပ်ပေးရင် အရေးအကြောင်းတွေဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ပျားရည်နဲ့ မျက်နှာကို ဘယ်လိုပေါင်းတင်ရမလဲဆိုရင်တော့ ပေါင်းတင်လို့ရတဲ့ နည်းလမ်းတွေက အများကြီးပါ။ အဲ့ထဲကမှ လွယ်လွယ်ကူကူလိုက်လုပ်လို့ရအောင် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကိုပဲ ပြောပြပေးလိုက်ပါတယ်။

ပျားရည်နဲ့ ခရမ်းချဉ်သီးကို သုံးမှာပါ။

ခရမ်းချဉ်သီးတစ်ခြမ်းကို ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောကြိတ်ပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ မျက်နှာမှာ သေချာပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အသားအရေက bright ဖြစ်လာပြီး glow လာမယ်။ အသားကြည်လာမယ်။ အသားအရေနူးညံ့ချောမွေ့လာမယ်။ အသားအရေအိအိလေးဖြစ်လာပါမယ်။

Source: www.stylecraze.com