အိမ်တွေမှာပဲဖြစ်ဖြစ်၊ ဆိုင်တွေမှာပဲဖြစ်ဖြစ်၊ ရုံးခန်းထဲမှာပဲဖြစ်ဖြစ် indoor plants လေးတွေထားပေးတာက အရမ်းကောင်းပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း ဒီလိုအပင်လေးတွေစိုက်တာက အရမ်းခေတ်စားလာပါတယ်။ ဒါကြောင့် indoor plants လေးတွေထားပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အသက်ရှူကျန်းမာရေးပိုကောင်းခြင်း

Indoor plants လေးတွေကို ထားပေးခြင်းက အသက်ရှူကျန်းမာရေး ပိုကောင်းစေပါတယ်။ အသက်ရှူကျပ်တတ်တဲ့သူတွေဆိုရင် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ အခန်းထဲမှာပဲဖြစ်ဖြစ် သေချာစိုက်ပျိုးပေးသင့်ပါတယ်။

စိတ်ခံစားချက်ပိုကောင်းခြင်း

ကိုယ့်အိမ်ထဲမှာ indoor plants လေးတွေထားပြီး အလှဆင်ထားခြင်းက စိတ်ခံစားချက် ပိုကောင်းလာစေပါတယ်။ မိုးလင်းတာနဲ့ ချစ်စရာကောင်းတဲ့ အပင်လေးတွေကို မြင်ရတာက စိတ်ပျော်ရွှင်ကြည်နူးမှုရစေပါတယ်။ မိုးလင်းတာနဲ့ ဒီပင်လေးတွေကိုကြည့်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ကြည့်ပါ။ အရမ်းကို relax ဖြစ်ပြီး စိတ်ပေါ့ပါးလန်းဆန်းပြီး စိတ်ကြည်လင်စေပါတယ်။

Stress လျော့ကျစေခြင်း

ကိုယ်စိုက်ပျိုးထားတဲ့ indoor plants လေးတွေကို မြင်နေရတာက stress တွေလျော့ကျစေပါတယ်။ ဒီအပင်လေးတွေကို ပြုစုပျိုးထောင်လိုက်၊ သေချာဂရုတစိုက်လုပ်ပေးလိုက်၊ ရေလောင်းလိုက်နဲ့ လုပ်နေရတာဟာ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့်လည်း စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ လျော့ကျလာတာပါ။

အမြင်ပိုလှပြီးသက်တောင့်သက်သာဖြစ်စေခြင်း

ကိုယ့်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ ဝရံတာမှာပဲဖြစ်ဖြစ်၊ အခန်းထဲမှာပဲဖြစ်ဖြစ် indoor plants လေးတွေကို သေချာအလှဆင်ပြီး စိုက်ထားရင် ကြည့်ရတာမျက်စိအေးပြီး အမြင်ပိုလှစေပါတယ်။ Decoration တစ်မျိုးဆန်းပြီး အပင်လေးတွေကြောင့် ကြည့်ရတာ သက်တောင့်သက်သာပိုဖြစ်စေပါတယ်။