တော်တော်များများက အလုပ်အရမ်းပင်ပန်းတဲ့အခါ၊ ခန္ဓာကိုယ်မအီမသာဖြစ်ပြီး ညောင်းညာကိုက်ခဲနေတဲ့အခါမျိုးမှာဆိုရင် Foot massage လုပ်လေ့ရှိကြပါတယ်။ ဘာမှမဖြစ််လည်း Foot massage ကို ပုံမှန်လုပ်ပေးလို့ရပါတယ်နော်။ Foot massage လုပ်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

Foot massage လုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်ကြွက်သားတင်းနေတာတွေ ပြေလျော့စေပါတယ်။ တစ်ခါတစ်လေ ခြေချောင်းလေးတွေကိုက်တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုခြေချောင်းလေးတွေ ညောင်းကိုက်တာကိုလည်း သက်သာစေပြီး အညောင်းအညာပြေစေပါတယ်။

Foot massage လုပ်ပြီးတာနဲ့ကို ခြေထောက်တွေက ပေါ့ပါးပြီး နေလို့ကောင်းသွားစေပါတယ်။ လေးဘက်နာသမားတွေ၊ အဆစ်အမြစ်ကိုက်တတ်တဲ့သူတွေအတွက်လည်း အရမ်းကောင်းပါတယ်။ Foot massage ပုံမှန်လုပ်ပေးရင် ခြေထောက်ဖောယောင်တာတွေပါ သက်သာစေပါတယ်။

Foot massage လုပ်ရင် Stress တွေလျော့ကျစေတဲ့အတွက် အရမ်းပင်ပန်းနေတဲ့အချိန်မျိုးမှာ လုပ်လိုက်ရင် လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေတယ်။ စိတ်ကြည်လင်သွားစေပါတယ်။ Body Spa လုပ်ဖို့၊ Body massage လုပ်ဖို့ အချိန်မပေးနိုင်ရင် Foot massage သာလုပ်ပါ။

Foot massage လုပ်ရင် နောက်ထပ်ရရှိမယ့်ကောင်းကျိုးကတော့ မိန်းကလေးတွေ ရာသီလာခါနီး ကိုက်ခဲတာတွေ သက်သာစေပါတယ်။ ခြေထောက်တစ်ခုခုထိခိုက်လို့ နာကျင်ကိုက်ခဲတာတွေလည်း သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်တွေ ခြေထောက်ညောင်းကိုက်တာကိုလည်း သက်သာစေပါတယ်။

အိပ်မပျော်တဲ့သူတွေဆိုရင်လည်း Foot massage လုပ်သင့်ပါတယ်။ Foot massage လုပ်ပေးခြင်းက ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာသက်သာစေပါတယ်။ ခေါင်းအုံနေတယ်၊ ခေါင်းကိုက်နေတယ်ဆိုရင် Foot massage သာပြေးလုပ်ပါ။

photo source: www.freepik.com