လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သင့်အတွက် ပိုသွားတယ်၊ ဆုတ်ယုတ်သွားတယ်ဆိုတာ မရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးထုတ်ပေးပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် အရင်ထက် ပိုစိတ်ချမ်းသာပါလိမ့်မယ်။ တစ်ခါတလေ Exercise ရဲ့ အကျိုးကျေးဇူးတွေကို သိနေလျက်နဲ့ လုပ်ဖို့ ပျင်းနေတတ်ပါတယ်။ ဒီလိုပျင်းနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်ရခြင်း ရည်ရွယ်ချက်ကို ကိုယ့်ကိုကိုယ် ပြန်သတိပေးသင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တွဲပြီး အမှတ်ရသင့်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်-

၁။ နှလုံးကို ကျန်းမာစေပါတယ်

လေ့ကျင့်ခန်းလုပ်တာက နှလုံးအားနည်းသူတွေအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် ကိုယ့်နှလုံးကို ရေရှည် ကျန်းကျန်းမာမာ အလုပ်လုပ်စေချင်တယ်ဆိုရင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပါတယ်။

၂။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ချေနည်းတယ်

လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ အဆုတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ပန်းနာရင်ကျပ် ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၃။ စိတ်ကျန်းမာရေးအတွက် ကောင်းတယ်

စိတ်ညစ်နေတဲ့အချိန် လှုပ်လှုပ်ရှားရှားနေလိုက်တဲ့အခါ ပြန်ပျော်သွားတာကို သင်သတိထားမိမှာပါ။ ခန္ဓာကိုယ်ကို ပုံမှန်လှုပ်ရှားပေးတာက သင့်စိတ်ချမ်းသာစေပြီး စိတ်ကျန်းမာရေးကို ပိုကောင်းလာစေပါတယ်။

၄။ ခုခံအားတက်စေတယ်

Exercise လုပ်ပေးတာကြောင့် ပြင်ပ ရောဂါပိုး ဝင်မလာဖို့ ကူညီပေးပါတယ်။ ကိုယ့်ခုခံအားကို တက်စေပြီး အရင်ကထက် ပိုကျန်းမာလာပါလိမ့်မယ်။

၅။ အားပိုရှိလာတယ်

စိတ်ကျန်းမာရေးအတွက် သာမက ခန္ဓာကိုယ်ခွန်အားလည်း ပိုတိုးလာစေပါတယ်။ သာမန်လူ မခံနိုင်တဲ့ ပင်ပန်းမှုမျိုးကို လေ့ကျင့်ခန်း ပုံမှန်လုပ်သူက သက်လုံအားကောင်းကောင်းနဲ့ ပိုခံနိုင်ရည်ရှိလာပါတယ်။

၆။ အရိုးအဆစ် ကျန်းမာရေးအတွက်

လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတစ်ယောက်က အသက်ကြီးလာတဲ့အချိန်ထိ အရိုးကျန်းမာရေး ကောင်းနေတတ်ပါတယ်။ အရိုးအဆစ်တွေကို ပုံမှန်အလုပ်ပေးနေတာကြောင့် သွက်သွက်လက်လက် ဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar