ရှည်ပြီး ထူထဲတဲ့ဆံပင်ကို လိုချင်ပေမယ့် ဆံပင်က ပျက်စီးပြီး ကျွတ်နေတယ်ဆိုရင် Egg Mask ကို သုံးကြည့်ပါ။ ဆံပင်အတွက် Egg Mask ရဲ့ အားသာချက်တွေက တကယ့်ကိုအံ့မခန်းပါပဲ။

ဗောက်

ကြက်ဥ အထူးသဖြင့် အနှစ်ကိုသုံးပြီး ဦးရေပြားကိုနှိပ်ပေးရင် ဆံပင်ကို အာဟာရဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဦးရေပြားအဆီများလွန်းရင်တော့ ကြက်ဥအကာကို သုံးပေးပါ။

ဆံပင်ကြီးထွားမှု

ဆံပင်ကို ကြက်ဥအကာ လိမ်းပေးတာက ဆံပင်ကို ပိုမြန်စေပါတယ်။ keratin ပမာဏကို မြှင့်တင်ပေးပြီး သိသိသာသာ ပိုရှည်လာစေမှာပါ။

ပျက်စီးမှု

ကြက်ဥအနှစ်မှာ ဆံပင်ကို ထူထဲစေပြီး ပျက်စီးမှုကို ပိုခံနိုင်ရည်ရှိစေမယ့် ဗီတာမင်တွေ ပါဝင်ပါတယ်။ ဆံပင်ကြီးထွားမှုကိုအားပေးတဲ့ ဗီတာမင် A နှင့် E၊ ဘိုင်အိုတင်နှင့် ဖောလိတ်တို့ပါဝင်တဲ့ ကြက်ဥအနှစ် Egg Mask က ဆံကေသာအတွက် စူပါအစားအစာပါ။

ဆံပင်ကျွတ်တာ

ကြက်ဥက ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ဆံပင်မွေးညင်းပေါက်များကို သန်မာစေပါတယ်။ သဘာဝအဆီတွေကို ဖယ်ရှားပေးလေ့ရှိတဲ့ ခေါင်းလျှော်ရည်တွေနဲ့ မတူတာက ကြက်ဥက ဆံပင်ရဲ့ သဘာဝအဆီတွေကို နဂိုအတိုင်း ထိန်းသိမ်းထားဖို့ ကူညီပေးပါတယ်။