Workout ကို သေချာလေး ပုံမှန်လုပ်ပေးမယ်ဆိုရင် အထူးသဖြင့် မိန်းကလေးတွေအတွက် ဒီလိုကောင်းကျိုးတွေ ရရှိစေပါတယ်။

အဆီပိုတွေလျော့ကျလာခြင်း

ဝတဲ့သူတွေ၊ အဆီများနေတဲ့သူတွေက workout ကို သေချာ plan ချပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီပိုတွေလျော့ကျပြီး ဝိတ်ကျလာပါမယ်။ မလိုချင်တဲ့နေရာက အဆီပိုတွေကို ဖယ်ရှားနိုင်ပါမယ်။ ဇွဲရှိရှိနဲ့ဆော့ပေးရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရလာပါမယ်။ ဆေးသောက်ပြီး အဆီချ၊ ဝိတ်ချတာထက် workout လုပ်ပြီးချတာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ခန္ဓာကိုယ်ကျစ်လစ်လှပလာခြင်း

Workout သေချာလုပ်ရင် ခန္ဓာကိုယ်အချိုးအစား မလှတဲ့သူတွေဆိုလည်း ခန္ဓာကိုယ်ကျစ်လစ်လှပလာမယ်။ အရင်ထက်ပိုလှလာတော့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။ ကိတ်ချင်တဲ့သူတွေဆိုလည်း ကိတ်အောင် ဆော့လို့ရတဲ့အတွက် ခန္ဓာကိုယ်အချိုးအစားကျလာပါမယ်။

ခန္ဓာကိုယ်ဖွံ့ဖြိုးလာခြင်း

တအားပိန်လွန်းတဲ့သူတွေ၊ ခန္ဓာကိုယ်သေးလွန်းတဲ့သူတွေဆိုလည်း ဝဆေးသောက်တာမျိုး လုံးဝမလုပ်ပါနဲ့ Side effect တွေရှိနိုင်ပါတယ်။ Workout လုပ်ပါ။ အစားနဲ့တွဲပြီး သေချာ plan ချလုပ်ကြည့်ပါ။ အကောင်းဆုံးကတော့ Gym Trainer တွေနဲ့ သေချာတိုင်ပင်ပြီး လုပ်ကြည့်ပါ။

စိတ်ဖိစီးမှုတွေလျော့ကျလာခြင်း

Workout လုပ်ပေးတာက အလှအပအတွက်တင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းကျိုးပေးပါတယ်။ အဓိကကတော့ စိတ်ပေါ့ပါးလန်းဆန်းပြီး စိတ်ဖိစီးမှုတွေ stress တွေ လျော့ကျလာစေပါတယ်။

ကျန်းမာရေးပိုကောင်းလာခြင်း

Workout ပုံမှန်လုပ်ပေးတာက ကျန်းမာရေးအတွက်လည်း အရမ်းကောင်းပါတယ်။ သက်လုံကောင်းပြီး အမောလည်း ခံနိုင်လာပါမယ်။ အရိုးရောဂါနဲ့ပတ်သတ်တာတွေ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်တယ်။ ကိုယ်လက်ထိုင်းမှိုင်းတာတွေလည်း သက်သာလာစေပါတယ်။