Body Scrub လုပ်တာက အိမ်မှာ အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပုံမှန်လုပ်ပေးသင့်တဲ့အရာပါ။ Body Scrub ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေအတွက် ဒီလိုကောင်းကျိုးတွေ ရရှိလာမှာပါ။

အသားကြည်လာခြင်း

Scrub လုပ်ပေးတယ်ဆိုတာဟာ အရေးပြားပေါ်မှာရှိနေတဲ့ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေ သိသိသာသာ ကြည်လင်လာစေတယ်။ နေလောင်ထားပြီး မဲညစ်နေတဲ့ အသားအရေကိုလည်း အချိန်တိုအတွင်းမှာ ပြန်လည်ကြည်လင်ပြီး Skin Tone ပြန်တက်လာစေပါတယ်။ နောက်ထပ် ကိုယ်လိမ်းမယ့် Lotion တွေလည်း အသားထဲ စိမ့်ဝင်လွယ်ပြီး Effect လည်း ပိုမိုထိရောက်စေပါတယ်။

Body Scrub လုပ်ရင် အသားဖြူလာမယ်ဆိုတာမျိုး မဟုတ်ပေမယ့် အသားညစ်နေတာတွေ မရှိတော့ပဲ အသားအရေ ကြည်လင်လာတဲ့အတွက် ပုံမှန်ထက်ပိုပြီး ဖြူလာသလို ဖြစ်စေပါတယ်။ ဒါပေမယ့် Body Scrub လည်း ပုံမှန်လုပ်မယ်၊ Lotion လည်း သေချာလိမ်းမယ်၊ နေပူထဲသွားရင်လည်း Body အတွက် Sunscreen (သို့) SPF ပါတဲ့ Lotion သုံးပေးမယ်ဆိုရင်တော့ အသားဖြူလာမှာပါ။

အသားအရေနူးညံ့ချောမွေ့လာခြင်း

Body Scrub ကို ပုံမှန်လုပ်ပေးခြင်းက အသားအရေ နူးညံ့ချောမွေ့လာစေပါတယ်။ အသားအရေက ကြမ်းတမ်းတယ်၊ အသားခြောက်တယ်ဆိုရင် Oatmeal Scrub (သို့) အသားခြောက်တဲ့သူအတွက် သီးသန့်ထုတ်ထားတဲ့ Scrub မျိုးကို ရွေးသုံးပေးပါ။

ချွေးပေါက်ပွင့်စေခြင်း

Body Scrub လုပ်ပေးခြင်းက ချွေးပေါက်ပွင့်စေပြီး အသားအရေကို သေချာသန့်စင်ပေးတဲ့အတွက် Body Breakouts ဖြစ်တာတွေ လျော့ကျစေတယ်၊ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်ပြီး Relax ဖြစ်စေခြင်း

Body Scrub လုပ်ပေးတာက အသားအရေတစ်ခုထဲအတွက် မဟုတ်ပါဘူး။ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး စိတ်ရောကိုယ်ပါ Relax ဖြစ်စေတဲ့ ခံစားမှုမျိုး ရစေပါတယ်။ သေချာလေး Scrub လုပ်ပေးရင် လုံးဝကို ပေါ့ပါးသွားတဲ့ ခံစားမှုမျိုးပါ ရစေပါတယ်။