ကလီယိုပတ်ထရာက ပျားဖယောင်းကို သူ့ရဲ့ဆံပင်နဲ့ အသားအရည်ပိုလှပစေဖို့ အသုံးပြုခဲ့သလို တရုတ်လူမျိုးတွေကလည်း သူတို့ရဲ့ အလှကုန်နဲ့ အလှအပဆိုင်ရာ ဓလေ့ထုံးတမ်းတွေမှာ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ပျားဖယောင်းမှာ ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ခြောက်သွေ့ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတဲ့ antioxidants တွေ ပါဝင်တာကြောင့် ဆံပင်ကို အာဟာရဖြည့်ပေးပြီး စတိုင်ကျစေပါတယ်။
ပျားဖယောင်းက သင့်ဆံပင်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ ဒါကတော့ ပျားဖယောင်းကိုသုံးပြီး ဆံကေသာထိန်းသိမ်းရင် ရလာမယ့် အကျိုးကျေးဇူးတွေပါ။
ဗီတာမင် A ကြွယ်ဝပြီး ဆံကေသာကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ ပျားဖယောင်းက ဆံကေသာအတွင်း အစိုဓာတ်ကို ထိန်းသိမ်းဖို့ အလွှာတစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။ ကွဲအက်ခြောက်သွေ့ပြီး ဖွာနေတဲ့ဆံသားတွေကို အစိုဓာတ်ပြည့်စေပြီး နူးညံ့ချောမွေ့စေပါတယ်။
ပျားဖယောင်းက အော်ဂဲနစ်ဖြစ်ပြီး ဆံသားကို ပျက်စီးစေတဲ့ အဆိပ်အတောက်များ မပါဝင်တာကြောင့် ပျက်စီးနေတဲ့ဆံသားအတွက် ဆံသားအာဟာရစေဖို့ အကောင်းဆုံးရွေးချယ်မှုလုပ်ရမယ်ဆိုရင် ပျားဖယောင်းကို ရွေးချယ်ပါ။
ပျားဖယောင်းက ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ပျားဖယောင်းကို သုံးပေးရင် ရက်ပေါင်း (30) အတွင်း ဆံပင်အရှည်ကို တိုးစေကြောင်း တွေ့ရှိခဲ့ပါတယ်။
ပျားဖယောင်းက အလှအပအတွက်အပြင် အချို့သော အရေပြားရောဂါများကို သက်သာစေပါတယ်။ အရေပြားပေါ်က အစက်အပြောက်အကွက်များ၊ အရေပြားယားယံခြင်းနဲ့ နာတာရှည် ဗောက်များကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ သုတေသီများက ပျားဖယောင်းပါဝင်တဲ့ ပျားရည်ကို အသုံးပြုသူများမှာ ၂ ပတ် (၄) ပတ်အကြာ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ပါတယ်။
ပျားဖယောင်းကို Hair Styling အတွက်လည်း သုံးလို့ရပြီး အထူးသဖြင့် ဆံပင်တိုသူများအတွက် Hair Style ကို ထိန်းသိမ်းဖို့ ကူညီပေးတဲ့ အကောင်းဆုံး Styling Product ပါ။