နွေနေပူပူမှာ သောက်လိုက်ရင် ရင်ကိုတကယ်အေးစေတဲ့ ကြံရည်ချိုတစ်ခွက်က အသားအရေနဲ့ဆံပင်အတွက်ပါ သုံးလို့ရတယ်ဆိုတာ သိပါရဲ့လား ? အရသာချိုချိုလေးနဲ့ကြံရည်က အသားအရေနဲ့ ဆံပင်အတွက် အံ့ဖွယ်ကောင်းလောက်အောင် အကျိုးရှိပါတယ်။

ဝက်ခြံနဲ့ အမဲစက်များ

ကြံရည်ရဲ့ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်တဲ့နေရာမှာ တကယ်ကို ထိရောက်မှု ရှိပါတယ်။ အဆီပိုထွက်ခြင်းကို လျှော့ချပေးပြီး ဆားဝက်ခြံတွေကိုလည်း ကာကွယ်ပေးပါတယ်။ ကြံရည်ကိုပုံမှန်သုံးပေးရင် ဝက်ခြံအမာရွတ်များနဲ့အပြစ်အနာအဆာများကို သက်သာစေပြီး အသားအရေကို ပိုမိုကြည်လင်လာစေပါတယ်။

Moisturizes နဲ့ Hydrates

ကြံရည်ဟာ အသားအရေအတွက် အထူးကောင်းမွန်တဲ့ သဘာဝအစိုဓာတ်ထိန်းဆေးပါ။ မြင့်မားတဲ့ Glycolic အက်ဆစ်ပါဝင်မှုက အစိုဓာတ်ကိုထိန်းသိမ်းဖို့ ကူညီပေးပြီး အသားအရေခြောက်သွေ့ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ကြံရည်ကိုပုံမှန်သုံးပေးရင် အရေပြား နီမြန်းခြင်း၊ မွဲခြောက်ခြင်းစတဲ့ ပြဿနာများကို လျော့ကျစေပါတယ်။

အိုမင်းခြင်းရဲ့ လက္ခဏာ

ကြံရည်မှာ ပရိုတင်း၊ သတ္တုဓာတ်၊ သံဓာတ်၊ ဇင့်၊ ပိုတက်စီယမ်တို့အပြင် Antioxidants၊ Flavonoids ကြွယ်ဝတာကြောင့် Free Radical ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကြံရည်မှာ ဗီတာမင် A နဲ့ C ပါ၀င်ပြီး အရေးအကြောင်းနဲ့ အသက်အရွယ်အစက်အပြောက်တွေကို လျော့ပါးစေပြီး နုပျိုတောက်ပတဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။

Exfoliate

ကြံရည်တွင်ပါတဲ့ သဘာဝ Alpha-Hydroxy Acids (AHAs) က ဆဲလ်သေများနဲ့ အညစ်အကြေးများကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ဖြူဝင်းလာစေပြီး အောက်ခံအသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ကြံရည်ကိုပုံမှန်လိမ်းပေးရင် အသားအရေကို ချောမွေ့စေပြီး ကျန်းမာတောက်ပတဲ့အသားအရေကို ရရှိစေပါတယ်။

ဒဏ်ရာ

ကြံရည်မှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အနာကျက်မြန်စေပါတယ်။

ဆံသား

ကြံရည်မှာပါတဲ့ သဘာဝအက်ဆစ်တွေက ဦးရေပြားရဲ့ pH အဆင့်ကို မျှတအောင် ကူညီပေးပြီး ဗောက်နဲ့ တခြားဦးရေပြားပြဿနာတွေကို လျှော့ချပေးပါတယ်။ကြံရည်က ဆံသားကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ဆံပင်ရဲ့ မွေးညင်းပေါက်များအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကို ပံ့ပိုးပေးပါတယ်။