မျက်နှာမှာ နေရောင်ခြည် ၊ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်နေရင် ဒါမှမဟုတ် အမည်းစက်တွေကိုသက်သာစေမယ့် သဘာဝနည်းလမ်းကို ရှာနေတယ်ဆိုရင် ရှားစောင်းလက်ပတ်ကို သုံးကြည့်ပါ။

ရှားစောင်းလက်ပတ်ကို သုံးပေးရင် အသားအရေထိန်းသိမ်းမှုမှာ ဘယ်လိုအကျိုးအမြတ်တွေရနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

အသားအရေကိုကြည်လင်စေတယ်

ရှားစောင်းလက်ပတ်က သဘာဝအတိုင်း အရေပြားအတွင်းထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ပုံမှန်သုံးပေးရင် အသားအရေယားတာ ၊ နီတာတွေကို သက်သာစေပါတယ်။

ရေဓာတ်ဖြည့်ပေးတယ်

ရှားစောင်းလက်ပတ်အရွက်ရဲ့ အတွင်းဆုံးအလွှာထဲမှာ ရေဓာတ်အများကြီးပါတာမလို့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ကိုထိန်းညှိပေးပါတယ်။

တောက်ပလာစေတယ်

ရှားစောင်းလက်ပတ်ကို နေ့တိုင်းလိမ်းပေးရင် တစ်ပတ်လောက်ကြာတဲ့အခါ အသားအရေက အရင်ကထက် ပိုပြီး တောက်ပလာတာကို သတိထားမိမှာပါ။

အမည်းစက်များကို ပျောက်ကင်းစေတယ်

ရှားစောင်းလက်ပတ်က အသားအရေကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးသလို ရောင်ရမ်းမှုကိုလည်း ကာကွယ်ပေးပါတယ်။ သူ့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေက အရေပြားအစိုဓာတ်ကို ထိန်းသိမ်းတဲ့နေရာမှာ ကူညီပေးသလို အမည်းစက်များကို ဖယ်ရှားရာမှာလည်း အများကြီးကူညီပေးပါတယ်။