ကော်ဖီဆိုတာက သောက်ရုံသက်သက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။ ကျန်းမာတဲ့အသားအရေနဲ့ တောက်ပတဲ့နှုတ်ခမ်းတွေကိုရဖို့အတွက်လည်း သုံးလို့ရပါသေးတယ်။ ဒါကြောင့် နောက်တစ်ခါ ကော်ဖီစေ့တွေကို မလွှင့်ပစ်ပါနဲ့။ ကော်ဖီ Scrub လုပ်ပြီး သုံးကြည့်ပါ။

Coffee က အသားအရေကိုကြည်လင်တောက်ပစေပြီး နုပျိုစေပါတယ်။ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး နူးညံ့ချောမွေ့စေတဲ့အပြင် အသားအရေကိုလည်း စိုပြေစေပါတယ်။

Coffee နဲ့ Scrub လုပ်ပေးရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆဲလ်တွေက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုရတာကြောင့် အလှကို မြှင့်တင်ပေးပြီး သင့်အသားအရေကို တောက်ပလာစေပါတယ်။

ခရမ်းလွန်ရောင်ခြည်က သင့်ကို ရင့်ရော်စေပါတယ်။ ​​ဒါပေမယ့် Coffee နဲ့ Scrub လုပ်ပေးရင်တော့ အဲဒါကို ပြောင်းပြန်ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု တွေကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အစွမ်းသတ္တိတွေ ပါရှိပါတယ်။

Coffee က အရေပြားကို ကာကွယ်ပေးတဲ့ အာနိသင်ရှိတာမလို့ အရေးအကြောင်းတွေ Fine Lines တွေကို လျှော့ချပေးပြီး အိုမင်းခြင်းကနေကာကွယ်ပေးပါတယ်။