ဘယ်သူ့အိမ်ဘဲဖြစ်ဖြစ် အိမ်ထဲဝင်လိုက်လို့ အိမ်လေးကရှင်းပြီးသန့်နေရင် တကယ်ကို အမောပြေစရာပါဘဲ။ သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စဖွယ်အိမ်လေးက လူတိုင်းရဲ့စိတ်ကို ကြည်နူးစေမှာပါ။ အပြင်ကနေအိမ်ပြန်လာတဲ့အခါ အိမ်ကရှုပ်ပွနေရင် စိတ်ရှုပ်ပြီး တကယ်ကို စိတ်ပိုမောရတယ်လေနော်။သန့်ရှင်းသပ်ရပ်သောအိမ်ရဲ့ အကျိုးကျေးဇူးတွေကလည်း အများကြီးရှိတာမို့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်တစ်လုံးရှိတာက ဘယ်လောက်အံ့သြစရာကောင်းလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

လေ့ကျင့်ခန်းလုပ်တာနဲ့တူခြင်း

အိမ်သန့်ရှင်းရေးလုပ်တာက တကယ်တော့ ဂဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလိုပါဘဲ ။ အိမ်လည်းသန့်သွားသလို လေ့ကျင့်ခန်းလုပ်သလိုလည်း ဖြစ်သွားတာမလို့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်တစ်လုံးရဲ့ ပထမဆုံး အကျိုးကျေးဇူးက သင့်ကို လှုပ်လှုပ်ရှားရှားဖြစ်စေတာပါဘဲ။

ကျန်းမာသောမိသားစုရခြင်း

အိမ်သန့်ရှင်းရေးလုပ်တာက အိမ်မှာကပ်ငြိနေတဲ့ ပိုးမွှားတွေနဲ့ဗိုင်းရပ်စ်တွေကို နည်းစေတာမလို့ မိသားစုဝင်တွေ ဖျားနာတာကို လျော့ကျစေပါတယ်။

မှိုနည်းခြင်း

အိမ်က သန့်ရှင်းမှုမရှိဘဲ စိုစွတ်နေရင် မှိုကြောင့် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားဆိုးဝါးတဲ့ရောဂါတွေကို ဖြစ်နိုင်တာကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်တာက သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့  အခြားအိမ်ရှိဧည့်သည်များအတွက် ကျန်းမာတဲ့အိမ်‌လေးဖြစ်စေမှာပါ။

တာဝန်ခွဲဝေမှုရှိခြင်း

မိသားစုဝင်တွေ ချစ်သူတွေနဲ့အတူတူ သန့်ရှင်းရေးလုပ်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ကိုယ်စီတာဝန်တွေခွဲယူရင်း ချစ်စရာကောင်းပြီး သန့်ရှင်းတဲ့အိမ်မှာ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။

ပိုးမွှားတွေကိုဝေးစေခြင်း

အိမ်မှာ စားကြွင်းစားကျန်တွေ၊၊ ညစ်ပတ်နေတဲ့ပန်းကန်တွေနဲ့ အမှိုက်တွေက ကြွက်နဲ့တခြားအင်းဆက်ပိုးမွှားတွေကို လာဖို့ ဖိတ်ခေါ်နေသလိုပါဘဲ။ အင်းဆက်နဲ့ပိုးမွှားတွေရန်က ကင်းဝေးချင်ရင်တော့ အိမ်သန့်ရှင်းရေးလုပ်ပါ။ ဖုန်စုပ်ပြီး အမှိုက်တွေကို သေချာထုတ်ပိုးပြီး လွှင့်ပစ်ပါ။