Workout လုပ်ရင် တော်တော်များများက မနက်ပိုင်းလုပ်ကြတာ များပါတယ်။ တချို့ Workout တွေကျတော့ မနက်ပိုင်းလုပ်တာထက်၊ ညအိပ်ယာမဝင်ခင်မှာ လုပ်ပေးတာက ပိုပြီးကောင်းတာကြောင့် ညဘက်အိပ်ယာမဝင်ခင်မှာ Workout လုပ်ပေးရင် ရရှိလာမယ့်ကောင်းကျိုး ၄ မျိုးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပြေးတဲ့လေ့ကျင့်ခန်း
ပြေးတဲ့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ညနေ ၆ နာရီကနေစပြီးလုပ်တာက ဝိတ်ကျဖို့ ပိုမြန်ပါတယ်။ မနက်ပိုင်းပြေးတာထက် ပိုပြီး မြန်မြန်ပြေးနိုင်တာကြောင့် ပိုပြီး ဝိတ်ကျဖို့မြန်တာပါ။ ချွေးပုတ်တွေလည်း ထွက်သွားတဲ့အတွက် ပြေးပြီးသွားရင် ခဏနား၊ ရေချိုးလိုက်တာနဲ့ အရမ်းကိုလန်းဆန်းပြီး ပေါ့ပါးသွားမှာပါ။
အိပ်လို့ပိုကောင်းစေတယ်
အိပ်ခါနီးမှ Workout လုပ်ပေးတာ၊ ယောဂကျင့်ပေးတာက ပိုပြီးအိပ်လို့ကောင်းစေသလို၊ မြန်မြန်လည်း အိပ်ပျော်စေတယ်၊ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ အိပ်မပျော်တဲ့ရောဂါရှိရင်တောင် သက်သာစေတဲ့အထိ ကောင်းကျိုးရှိပါတယ်။
ကြွက်သားတွေပိုသန်မာစေတယ်
ညနေပိုင်းနဲ့ ညပိုင်းမှာ Muscle လေ့ကျင့်ခန်းလုပ်ပေးတာက မနက်ပိုင်းမှာလုပ်ပေးတာထက်ပိုပြီးတော့ ကြွက်သားတွေသန်မာစေပါတယ်။ Muscle building အအတွက်လည်း ပိုပြီးထိရောက်မှုရှိစေပါတယ်။
Stress တွေလျော့ကျစေတယ်
တော်တော်များများက Stress တွေများနေရင် ညဘက်အိပ်မပျော်ပါဘူး။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ Workout လုပ်ပေးမယ်၊ ယောဂကျင့်ပေးမယ်ဆိုရင်တော့ Stress တွေလျော့ကျပြီး စိတ်တည်ငြိမ်စေပါတယ်။ အိပ်စက်ချိန်ကိုလည်း အနှောက်အယှက်မဖြစ်ပဲ ကောင်းမွန်စွာနဲ့ အိပ်ပျော်စေပါတယ်။
source:www.brightside.me