မင်္ဂလာပါ… ပျိုမဒီတို့ရေ…. မျက်နှာအသားအရေကို ကြည်လင်ဝင်းပလာစေဖို့အတွက် ရေခဲတုံးတွေကို အသုံးပြုတာ ကြားဖူးကြသလား ? ရေခဲတုံးက အရေပြားနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးစုံအတွက် ဖြေရှင်းချက်တစ်ခုပါပဲ။ မျက်နှာကို ရေခဲနဲ့ပွတ်ပေးတာက ချွေးပေါက်အရွယ်အစားကို လျှော့ချပေးပြီး ထိခိုက်လွယ်သောအသားအရေကို သက်သာစေပါတယ်။

Puffy Eyes

ညဘက်အိပ်မပျော်လို့ မနက်မှာမျက်လုံးတွေဖောင်းနေရင် ရေခဲတုံးကို မျက်လုံးပေါ် မိနစ်အနည်းငယ်လောက် ဖိထားပေးလိုက်ပါ။ မျက်လုံးဖောင်းတာကို သက်သာစေမှာ အသေအချာပါပဲ။

အဆီပြန်ခြင်း

အဆီပြန်တဲ့ အသားအရေက တကယ်ကိုစိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာကို ရေခဲတုံးနဲ့ပွတ်ပေးရင် ချွေးပေါက်အရွယ်အစားကိုလျှော့ချပေးနိုင်ပြီး ပိုလျှံနေတဲ့အဆီပမာဏကို ဖယ်ရှားပစ်နိုင်ပါတယ်။

ဝက်ခြံ

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာမှာ ဝက်ခြံတွေ ပေါ်လာနိုင်ပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ပွတ်ပေးရင် ဝက်ခြံအရွယ်အစားကို လျော့ကျစေရုံသာမက ဝက်ခြံထွက်နှုန်းကိုလည်း လျော့ကျစေပါတယ်။

Sunburn

နေလောင်တာအတွက် အလွယ်ကူဆုံးနဲ့ စျေးအသက်သာဆုံး နည်းလမ်းကိုပြောပါဆိုရင် ရေခဲတုံးပါပဲ။ မျက်နှာကို ရေခဲတုံးနဲ့ပွတ်ပေးရင် နေလောင်တာကို သက်သာစေပြီး နာကျင်မှုကို သက်သာစေပါတယ်။

အိုမင်းရင့်ရော်မှု

အိုမင်းခြင်းဖြစ်စဉ်ကို ရပ်တန့်ဖို့နည်းလမ်းမရှိပေမယ့် လျှော့ချဖို့နဲ့ နှေးကွေးစေဖို့တော့ သေချာပေါက် လုပ်လို့ရပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ပွတ်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ချွေးပေါက်တွေကို ကျဉ်းစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် အသားအရေကို ပိုမိုနုပျိုစေပါတယ်။

Skin’s Healthy Glow

သိကြတဲ့အတိုင်း မျက်နှာကို ရေခဲတုံးနဲ့ပွတ်တာက သွေးလည်ပတ်မှုကို တိုးစေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ အောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်တာကြောင့် လိမ်းပြီးရင် ချက်ခြင်း တောက်ပလာမှာပါ။

Dark Circles

ရေခဲတုံးက မျက်လုံးအောက်မှာရှိတဲ့ သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်ပမာဏကို တိုးမြင့်စေနိုင်တာကြောင့် ပုံမှန်အသုံးပြုပေးရင် အမဲစက်များကို လျော့ပါးစေပါတယ်။