ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသာမက မည်ကဲ့သို့သော လေ့ကျင့်မျိုးကိုမဆို ပြုလုပ်ကြခြင်းအားဖြင့် ရရှိစေမယ့် အကျိုကျေးဇူးများဟာ များစွာ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်သောသူများဟာ ကျန်းမာကြပြီး၊ ကျန်းမာသန်စွမ်းသော သူအများစုဟာလည်း လေ့ကျင့်ခန်းပုံမှန် လုပ်လေ့ရှိကြပါတယ်။ ဒီတော့ မည်သည့်လေ့ကျင့်ခန်းမျိုးကို သင် ပြုလုပ်နေသည်ဖြစ်စေ ယခုဖော်ပြပေးတဲ့ ကောင်းကျိုးတွေကိုတော့ သင် မုချ ခံစားရပါလိမ့်မယ်။

၁။ ဦးနှောက်၏ မှတ်မိနိုင်စွမ်း ပိုမိုကောင်းမွန်လာခြင်း။

သင် ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကျန်းမာဖို့တစ်ခုတည်းအတွက်ကို အထောက့်အကူပြုတာ မဟုတ်ပါဘူး။ သင့် မှတ်ဉာဏ်တိုးတက်ကောင်းမွန်ဖို့အတွက်ပါ များစွာ အထောက်အကူပြုပေးပါတယ်။ မှတ်ဉာဏ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားမှသာလျှင် အလုပ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ် ချောမွေ့လွယ်ကူတဲ့ ဆက်ဆံရေးမျိုးနဲ့ ထိရောက်မှုမျိုးကို သင် ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

၂။ ချောမောပြေပြစ်သည့် ခန္ဓာကိုယ် အချိုးအစားကို ရရှိပိုင်ဆိုင်လာခြင်း။

လေ့ကျင့်ခန်းလုပ်သူများအတွက် လှပခန့်ညားတဲ့ ခန္ဓကိုယ် အချိုးအစားကို လက်ဝယ်ပိုင်ဆိုင်မှာ ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပါ။ ဘာကြောင့်ပါလဲ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းအား ခန္ဓာကိုယ်၏ မလိုအပ်သော အဆီအနှစ် အပိုင်းအစများကို ဖယ်ထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။

၃။ မိမိကိုယ်ကို ယုံကြည့်မှု ပိုမိုခိုင်မာလာခြင်း။

ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ရှိကြတဲ့ သူတွေကို သတိထားကြည့်ကြည့်ပါ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေရခြင်းဟာ လေ့ကျင့်ခန်းတွေ လုပ်ထားတာကြောင့်လည်း တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရပါလိမ့်။ လမ်းလျှောက်ထွက်တဲ့ လေ့ကျင့်ခန်းမျိုး၊ တောင်တက်တဲ့ လေ့ကျင့်ခန်းမျိုး၊ ရောဂလုပ်တာမျိုး တစ်မျိုးမျိုးပေါ့။

၄။ စိတ်ဖိစီးမှု လျှော့နည်းသွားနိုင်ခြင်း။

အမျိုးသမီးတွေ မိန်းမကိုယ် ယားယံခြင်းကို ဘယ်လိုရှောင်ကျဉ်မလဲ

၅။ နှစ်ခြိုက်စွာ အိပ်မောကျခြင်း။

မိမိခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် လုပ်ငန်းတစ်ခုကတော့ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းပါပဲ။ သို့သော် ညနေတိုင်း အိပ်မပျော်တဲ့ သူတွေ အများမှအများကြီးပါပဲ။ ဒီလို အိပ်မပျော်ဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ မလုပ်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ လုပ်ခြင်းအားဖြင့် နှစ်ခြိုက်တဲ့ အိပ်မောကျခြင်းမျိုးကို သင်ပိုင်ဆိုင်ပါလိမ့်မယ်။

၆။ အားအင်ပိုမိုပြည့်ဝလာခြင်း။

လေ့ကျင့်ခန်းလုပ်လို့ အားအင်ကုန်ခမ်းသွားတာမျိုးမရှိပါဘူး။ မလုပ်လို့သာလျှင် အညောင်းအညှာမိချင် မိတတ်တာပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့
သူနဲ့ မလုပ်တဲ့သူ ယှဉ်ကြည့်ရင် မလုပ်တဲ့သူတွေက တစ်ခုခုဆိုလျှင် ခဏအတွင်း ပင်ပန်းသွားတတ်ပါတယ်။

၇။ အသက်ရှည်ကျန်းမာစေခြင်း။

အသက်လည်း ရှည်စေ၊ အနာလည်း ကင်းစေ ဆိုတဲ့ စကားနှစ်ရပ်လုံးနဲ့ ကိုက်ညီပါတယ်။ တကယ်တော့ ရှေ့မှာဖြစ်လာမယ့် ကျန်းမာရေးအန္တရယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ကိုလုပ်ဖို့အချိန် ပေးကိုပေးရပါမယ်။ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ တန်းဖိုးကြီးတယ် မဟုတ်ပါလား။ ထို့ကြောင့် အသက်ကိုလည်း ရှည်စေ၊ ကျန်းမာရေးကိုလည်း ကောင်းစေလိုလျှင် လေ့ကျင့်ခန်းလုပ်ပါ။

၈။ ပိုမိုပျော်ရွှင်စေခြင်း။

ပျော်ရွှင်မှုတွေကို အဝေးကြီးမှာ ပြေးရှာနေစရာမလိုပါဘူး။ မိမိကျန်းမာရေး၊ အလုပ်အကိုင်၊ ဖိအားတွေ၊ အပေါင်းအသင်းတွေ စသည့်ဖြင့် ပြည့်စုံနေရင် သင်ပျော်ရွှင်စရာတွေကို တွေ့နေပြီပဲ မဟုတ်လား။ ကျန်းမာရေး ကောင်းခြင်း မကောင်းခြင်းရဲ့ အကျိုးဆက်တွေက သင့်ရဲ့ ပျော်ရွှင်မှုအပေါ် တိုက်ရိုက် သက်ရောက်နေတယ် မဟုတ်ပါလား။

သင့်အလုပ်အကိုင်တွေက သင့်အတွက်သာမက သင့်မိသားစုရဲ့ ပျော်ရွှင်မှုအပေါ်ကိုလည်း တိုက်ရိုက်ဆက်စပ်နေသည် မဟုတ်ပါလား။ ထိုကြောင့် ကျန်းမာရေးကောင်းစေခြင်းငှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ပျော်ရွှင်မှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်ဆိုတာကို ပြောပြချင်တာပါ။

Featured Image Source: taringa.net