တောင်ကိုရီးယား အနုပညာရှင်တော်တော်များများက သူတို့ရဲ့အချစ်ရေးကို အများသိအောင် ထုတ်ဖော်ပြလေ့မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့အချစ်ရေးကို လူအများသိအောင် ကြေငြာပြီး ပရိသတ်တွေရဲ့ အချစ်ကို ရနေတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။

ဒါတွေကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် သူတို့ခံနိုင်ရည်ရှိတယ်ဆိုတာ သက်သေပြပြီး ငါးနှစ်ကျော်ကြာအောင် လက်တွဲမဖြုတ်ဘဲ အတူရှိနေတဲ့ ကိုရီးယားနာမည်ကြီးစုံတွဲတွေပါ။

1. Jung Kyung Ho & Girls’ Generation’s Sooyoung

2012 ခုနှစ် စစ်မှုထမ်းပြီးမှာစတွဲခဲ့ကြတဲ့ Jung Kyung Ho နဲ့ Girls’ Generation မှ Sooyoung တို့ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ဘယ်လို ခွန်အားတွေ ပေးကြသလဲ ဆိုတာကို မကြာခဏ ထုတ်ပြောလေ့ရှိကြပြီး ခိုင်ခံ့မြဲမြံတဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။

2. Kim Woo Bin & Shin Min Ah

 

Kim Woo Bin နဲ့ Shin Min Ah တို့ကြားက ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ စာနာမှုနဲ့ တစ်ယောက်ကိုတစ်ယောက် မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ တည်ဆောက်ထားတာပါ။ Kim Woo Bin တစ်ယောက် Nasopharyngeal Cancer ခံစားနေရတဲ့အချိန် ကုသမှုနဲ့ ပြန်ကောင်းလာချိန်တစ်လျှောက် Shin Min Ah က ဘေးကနေအမြဲတမ်း ပံ့ပိုးကူညီမှုခဲ့တာပါ။ ဒီလို သူတို့ရဲ့ ကိုးနှစ်ကြာ လက်တွဲခဲ့တဲ့ခရီးမှာ အချစ်က အခက်ခဲဆုံး စိန်ခေါ်မှုတွေကိုတောင် ဘယ်လိုကျော်ဖြတ်နိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

3. Lee Dong Hwi & Jung Ho Yeon

2015 ခုနှစ်မှာ စခဲ့တဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကတော့ အခုဆို ကိုးနှစ်ရောက်နေပြီဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်လေးစားမှုတွေ ပျော်ရွှင်မှုတွေနဲ့ သူတို့ရဲ့အချစ်ကို သက်သေပြနေပါတယ်။

4. Lee Kwang Soo & Lee Sun Bin

သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကတော့ တကယ့်ကိုချိုတဲ့ဇာတ်လမ်းလေးပါပဲ။ 2016 မှာ Running Man ကို ဧည့်သည်အဖြစ် လာခဲ့တုန်းက သူ့ရဲ့ Ideal Type က Kwang Soo လို့ပြောခဲ့တဲ့ Lee Sun Bin တစ်ယောက် အခုတော့ သူ့ရဲ့စိတ်ကူးအတိုင်း 2018 နှစ်ကုန်မှာ လက်တွေ့ဖြစ်လာခဲ့ပါတယ်။ ခြောက်နှစ်ကြာလက်တွဲလာခဲ့တဲ့ သူတို့နှစ်ယောက်က အခုထိ သူတို့ရဲ့ ချစ်စဖွယ်အမူအရာတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နေဆဲပါ။