တစ်ယောက်ထဲနေရင် အထီးကျန်တယ်လို့ခံစားရပေမယ့် ဒါတွေက သင့်အတွက် ပိုမိုကောင်းမွန်တဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲဖြစ်နေတိုင်း စိတ်ဓာတ်ကျအားငယ်တာမျိုး၊ အထီးကျန်ပြီး ဝမ်းနည်းတာမျိုးတွေ မဖြစ်ပါနဲ့။ ဒီလို တစ်ယောက်ထဲနေခြင်းကြောင့် ရရှိလာမယ့် သင့်အတွက် ကောင်းကျိုးတွေကိုလည်း ပြောပြပေးလိုက်ပါတယ်။

လွတ်လပ်ပေါ့ပါးမှုရှိလာမယ်

ရည်းစားထားရင်လည်း ရည်းစားစကားနားထောင်ရမယ်။ သူချုပ်ချယ်တာ၊ သူပြောတာတွေကို လိုက်လုပ်ပေးရမယ်။ အများနဲ့နေရင်လည်း အများနဲ့ လိုက်ရောညီထွေဖြစ်အောင် နေပေးရမယ်။ ကိုယ်တစ်ယောက်ထဲနေတော့ ကိုယ့်စိတ်ကြိုက် အရာရာကိုလုပ်လို့ရမယ်။ ဘယ်သူ့အတွက်မှ တွေးပေးစရာမလိုဘူး။ ကိုယ့်စိတ်ကြိုက် လွတ်လပ်ပေါ့ပါးစွာနဲ့ နေလို့ရမယ်။

အတွေ့အကြုံအသစ်တွေရလာမယ်

တစ်ယောက်ထဲနေပြီး တစ်ယောက်ထဲအရာရာကို လုပ်ကြည့်ပါ။ တစ်ယောက်ထဲသွားပါ။ တစ်ယောက်ထဲ စူးစမ်းလေ့လာပြီး စတင်ကြည့်ပါ။ အတွေ့အကြုံအသစ်၊ ခံစားမှုအသစ်တွေ ရလာပါလိမ့်မယ်။

ရင့်ကျက်လာမယ်

တစ်ယောက်ထဲနေတာကြာလာရင် သွေးအေးသွားမယ်။ စာများများဖတ်ပါ။ အတွေးအခေါ်တွေ ပြောင်းလဲပြီး ရင့်ကျက်လာပါလိမ့်မယ်။

ကိုယ့်အားကိုယ်ကိုးတတ်လာမယ်

တစ်ယောက်ထဲနေတာကြာလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုအားကိုးတတ်လာမယ်။ ကိုယ့်အတွက် ကိုယ်ပဲရှိတယ်ဆိုတဲ့ အသိဝင်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရလာမယ်

တစ်ယောက်ထဲနေတာကြာလာရင် ကိုယ့်ကိုယ်ကိုပဲ ပိုပြီးအားကိုးတတ်လာတော့ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုရှိလာပါလိမ့်မယ်။ တစ်ယောက်ထဲနေရတာကို ဝမ်းနည်းအားငယ်နေတာမျိုးမဖြစ်ပဲ စိတ်ဓာတ်ကြံ့ခိုင်အောင်နေပါ။

Photo Source: www.pinterest.com