တစ်ချို့အိပ်မက်ဆိုးတွေက တကယ့်ကိုကြောက်ဖို့ကောင်းသလို မနက်ခင်းနိုးလာတဲ့အချိန်ထိ အထိတ်တန့်ဖြစ်စေနိုင်ပါတယ်။ စက္ကန့်ပိုင်းသာကြာတဲ့ အိပ်မက်ဆိုးဖြစ်တာတောင် သင့်ရဲ့ အိပ်ချိန်ကို ဖျက်စီးပစ်နိုင်တယ်။

တစ်နေ့တာ အလုပ်လုပ်ရမှာလည်း အဆင်မပြေမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီနေ့ အိပ်မက်ဆိုးတွေ ဘာကြောင့် မက်ရတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ကြောက်စရာဇာတ်ကားများကြည့်ခြင်း

အိပ်မက်ဆိုးတွေမက်ရတာဟာ ကြောက်စရာဇာတ်ကားတွေ ကြည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့သော သင်လုပ်ခဲ့တဲ့ အရာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အိပ်ပျော်စေတဲ့ ဆေးများသောက်နေရခြင်း

အိပ်ပျော်အောင်ကူညီပေးတဲ့ ဆေးတွေသောက်နေရခြင်းက အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ဆေးတွေက ခန္ဓာကိုယ်ရဲ့သဘာဝအိပ်ချိန်စက်ဝန်းကို နှောင့်ယှက်ပေးနိုင်ပြီး အိပ်စက်ဖို့အတွက် ဆေးကိုပဲအရမ်းအားထားမိစေတယ်လို့ တွေ့ရှိထားပါတယ်။

အရက်သောက်ခြင်း

ညအိပ်ရာမဝင် အရက်တစ်ခွက်(သို့) နှစ်ခွက်သောက်သုံးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်လို့ တစ်ချို့လူတွေက ယူဆထားကြပါတယ်။ အရက်ဟာ ဦးနှောက်ကိုအားဖြည့်ပေးနိုင်ပြီး လန်းဆန်းတက်ကြွစေတဲ့အတွက် ရလဒ်အနေနဲ့ အိပ်ပျော်လိုက် မပျော်လိုက်ဖြစ်စေပြီး ကြောက်မက်ဖွယ်ရာအိပ်မက်ဆိုးတွေ မက်လာနိုင်ပါတယ်။

အိပ်ယာမဝင်ခင် အစာစားခြင်း

ညအိပ်ယာမဝင်ခင် အစာစားခြင်းက ဦးနှောက်အနားယူမယ့်အချိန်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ယာမဝင်ခင် အစာစားလိုက်တာကြောင့် အစာတွေကိုခြေဖျတ်ဖို့အတွက် ဦးနှောက်က အလုပ်လုပ်ပေးရပါတယ်။ ဒါ့ကြောင့် ညဘက်တွေမှာ အစာခြေဖျက်နေရတာကြောင့် ချွေးထွက်တာ အိပ်မက်ဆိုးမက်တာတွေ ဖြစ်စေပါတယ်။

အိပ်တဲ့ပုံစံမမှန်ခြင်း

ကျွန်မတို့အိပ်တဲ့ပုံစံက အိပ်စက်ခြင်းကို သက်ရောက်နိုင်ပါတယ်။ ပက်လက်လှန်ပြီး အိပ်ခြင်းက လေဝင်အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်ပြီး အိပ်စက်ဖို့ခက်ခဲစေပါတယ်။ ရလဒ်အနေနဲ့ အသက်ရှုမဝသလိုခံစားရပြီး အိပ်မက်ဆိုးတွေမက်လာနိုင်ပါတယ်။