ရည်းစားဖြစ်ပြီးကြာမှ စိတ်ပျက်ခံရတာမျိုး မဟုတ်ပါဘူး။ တချို့ဆို ရည်းစားဖြစ်တော့မယ် အဆင်ပြေနေတဲ့ ကာလမှာပဲ တစ်ဖက်လူရဲ့ စိတ်ပျက်ခြင်းကို ခံရတာမျိုးလည်း ရှိပါတယ်။ အဲ့တာကတော့ ရည်းစားမဖြစ်ခင်ထဲက တစ်ဖက်လူ စိတ်ပျက်သွားစေနိုင်တဲ့ ဒီအပြုအမူတွေကို လုပ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။

နေရာတကာလိုက်ပြောခြင်း

ရည်းစားဘဝမှာတောင်မှ နေရာတကာ လိုက်ပြောတာခံရရင် စိတ်ပျက်တတ်တာပါ။ ရည်းစားမဖြစ်ခင် အခြေအနေမှာ သွားပြီးတော့ ဟိုဟာလုပ်လည်းပြော၊ ဒီဟာလုပ်လည်းပြော၊ အရာရာလိုက်ချုပ်ချယ်၊ လိုက်ပိတ်ပင်နေရင်၊ ဝေဖန်ပြောဆိုနေရင်တော့ စိတ်ပျက်ပြီး ပလစ်သွားပါလိမ့်မယ်နော်။ ရည်းစားသာဖြစ်သွားရင် ပိုတောင်ဆိုးအုံးမယ်ဆိုပြီး တစ်ဖက်လူက တွေးမိမှာ အမှန်ပါပဲ။

သဝန်တိုမှုလွန်ကဲခြင်း

ချစ်လို့သဝန်တိုတာပဲဆိုပြီး ခေါင်းစဉ်တပ်လို့မရပါဘူး။ တချို့ကျတော့ လိုတာထက်ပိုပြီး သဝန်တိုမှုလွန်ကဲတာပါ။ သဝန်တိုတာက သူငါ့ကိုချစ်လို့ပဲဆိုပြီး တွေးတတ်ကြပေမယ့်လည်း လွန်ကဲစွာ သဝန်တိုတာမျိုးဆိုရင်တော့ တစ်ဖက်လူအတွက် မွန်းကြပ်စရာ ဖြစ်လာပါတယ်။ ရည်းစားမဖြစ်သေးတာတောင် ဒီလောက်ချုပ်ချယ်နေတာ၊ ရည်းစားဖြစ်သွားရင် ပိုတောင်ဆိုးအုံးမယ်ဆိုပြီး စိတ်ပျက်သွားနိုင်ပါတယ်။

ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်း

တစ်ဖက်လူရဲ့အချစ်ကိုရဖို့ ကြိုးစားနေတဲ့အချိန်မှာ လူတိုင်းကတော့ ကောင်းပေးနေကြတာပါပဲ။ ဒါပေမယ့် တချို့ကျတော့ အရမ်းစိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်ဆိုရင် ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောဆိုဆက်ဆံတာမျိုး လုပ်တတ်ကြပါတယ်။ အဲ့လိုမလုပ်မိအောင် သတိထားသင့်ပါတယ်နော်။ ဒါလည်း တစ်ဖက်လူ စိတ်ပျက်သွားနိုင်တဲ့ အပြုအမူပါပဲ။

ပွေရှုပ်ခြင်း

ပွေရှုပ်တဲ့သူကိုတော့ ဘယ်သူကမှ ရည်းစားတော်ချင်မှာ မဟုတ်ပါဘူး။ ဒီတစ်ယောက်ကို ကြိုးစားနေချိန်မှာ တခြားသူတွေနဲ့လည်း ပေါ်တင်ပွေရှုပ်နေတာမျိုးဆိုရင် တစ်ဖက်လူက စိတ်ပျက်သွားနိုင်ပါတယ်။

ကပ်စေးနဲပြီးကပ်တွက်လွန်းခြင်း

ကပ်စေးနဲတာက မကောင်းတာမျိုးတော့ မဟုတ်ပေမယ့်လည်း အရမ်းကပ်စေးနဲပြီး အရာရာကို လိုက်ကပ်တွက်နေတာမျိုးကတော့ မကောင်းပါဘူး။ သွားတွေ့တဲ့အချိန်မှာထဲက ကိုယ်စားတာကိုယ်ရှင်းဆိုတာမျိုး၊ တစ်ခုခုဝယ်ပြီး ပိုက်ဆံပြန်တောင်းတာမျိုး၊ အရမ်းကပ်စေးနဲပြပြီး အရာရာလိုက်ကပ်တွက်ပြောနေတာမျိုးတွေ လုပ်မိရင်တော့ တစ်ဖက်လူက ပထမဆုံး Date မှာထဲက စိတ်ပျက်သွားနိုင်ပါတယ်။