တိရိစ္ဆာန်ဆရာဝန်တို့ရဲ့ ပြောဆိုချက်တွေအရတော့ ၅၉ ရာခိုင်နှုန်းသော အိမ်မွေး တိရိစ္ဆာန်လေးများ ဟာ အဝလွန်နေကြတယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဒီလိုမျိုး သတ်မှတ်ရတဲ့ အကြောင်းအရင်းတွေကို ကြည့်မယ်ဆိုရင်လည်း အံ့အားသင့်စရာတော့မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ အိမ်မွေးတိရိစ္ဆာန်အများစုက တိုက်ခန်းတွေမှာပဲ နေရတာများပြီး တစ်နေကုန်လို့မှ လှုပ်လှုပ်ရှားရှား ပြေးရလွှားရဖို့ နေရာများများစားစား မရှိပါဘူး။

ဒါပေမယ့် သူတို့လေးတွေကို တောင်းတိုင်းကျွေးတာမျိုးမလုပ်ဘဲ အစာကျွေးတာကိုလည်း သင့်တင့်မျှတသလောက်ပဲကျွေးပြီး အားကစားလှုပ်ခိုင်း၊ ပြေးလွှားဆော့ကစားခိုင်းမယ်ဆိုရင်တော့ ဝိတ်ကျဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။

အခုတစ်ခါမှာတော့ အဝလွန်နေတဲ့ ခွေးလေးတွေ ကြောင်လေးတွေရဲ့ အရင်တုန်းက ပုံစံနဲ့ ဝိတ်ကျသွားတဲ့ အခုလက်ရှိပုံစံတို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Image Source: BrightSide