သင့်ဗိုက်အဆီတက်တာက သင်စားနေတဲ့ အစားအသောက်တစ်ခုတည်းတင် မကပါဘူး။ သင့်ရဲ့ အမူအကျင့် အချို့ကြောင့်လည်း ဝိတ်တက်နိုင်ပါတယ်။ နေ့ဘက်နဲ့ ညဘက်မှာ ညဘက် ပြုလုပ်မိတတ်တဲ့ အပြုအမူတွေက သင့်ကို ဝိတ်ပိုတက်စေပါတယ်။ သင်က ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေသူဆိုရင်တော့ ဒီအကြောင်းတရားတွေကို သိထားဖို့လိုပါတယ်။ မဟုတ်ဘူးဆိုရင် ကိုယ်က ဝိတ်ချနေပါလျက်နဲ့ ဝိတ်ကျမလာဘဲ ဖြစ်လာတတ်ပါတယ်။ ဒီတော့ ညဘက်မှာ သင်ပြုလုပ်မိတတ်တဲ့ ဝိတ်တက်လာရခြင်း အကြောင်းအရာတွေကို ကြည့်လိုက်ရအောင်နော်-
၁။ ညဘက်မှာ စားခြင်း
သင်က ညဘက် ဗိုက်ဆာလို့ နည်းနည်းလေး စားတာပဲဖြစ်ဖြစ် အများကြီး စားတာပဲဖြစ်ဖြစ် ဝိတ်တက်နိုင်ပါတယ်။ ညဘက် ၇ နာရီ နောက်ပိုင်းဆိုရင် ဘာမှမစားတော့ဘဲ နေသင့်ပါတယ်။
၂။ ညဘက် ကော်ဖီသောက်ခြင်း
ကော်ဖီသောက်တာက အိပ်မပျော်စေတဲ့အပြင် သူ့မှာ ပါတဲ့ အက်ဆစ်တစ်မျိုးကြောင့် ဝိတ်တက်လာစေပါတယ်။ သင်က ကော်ဖီ သောက်ချင်တယ်ဆိုရင် မအိပ်ခင် ၆ နာရီအလို နောက်ဆုံးထားပြီး သောက်သင့်ပါတယ်။
၃။ အိပ်ချိန် မပြည့်တာ
သင့်ရဲ့ အိပ်ချိန်ကို ၇ နာရီကနေ ၈ နာရီကြား ထားသင့်ပါတယ်။ အိပ်ချိန်မလုံလောက်တာကြောင့် ဝိတ်တက်နိုင်ပါတယ်။ ညဘက် အိပ်တာ နောက်ကျတာလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။
၄။ ညဘက် လေ့ကျင့်ခန်း မလုပ်တာ
လူအများစုက မနက်ပိုင်း မှာ မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ညနေခင်းမှာ လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ညနေမှာလည်း မလုပ်ဘူးဆိုရင်တော့ ဝိတ်တက်လာပါလိမ့်မယ်။ တစ်နေ့မှာ အချိန်အနည်းငယ် ဖယ်ထားပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
၅။ ဖုန်း၊ ကွန်ပြူတာ
ကွန်ပြူတာနဲ့ ဖုန်းမှာ ပါတဲ့ အပြာရောင်အလင်းက သင့်ကို အိပ်မပျော်စေတဲ့အပြင် ကိုယ်အလေးချိန်ပါ တက်စေနိုင်ပါတယ်။ ညဘက်မှာ ဖုန်းအကြာကြီး သုံးတာက ဝိတ်လျှော့နေသူတွေ မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ဖုန်းအစား စာအုပ်ကို ကိုင်သင့်ပါတယ်။
၆။ Alarm ကို အချိန်ကွက်တိပေးတာ
သိပ္ပံပညာရှင်တွေက မနက်ပိုင်းမှာ ၁၅ မိနစ်လောက် ပိုစောထပြီး လုပ်စရာ ရှိတာ လုပ်သူတွေဟာ Body Mass Index ကျစေတယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်ကို လုပ်မိတယ်ဆိုရင်တော့ ဝိတ်တက်လာနိုင်ပါတယ်။
၇။ အခန်းမီးရောင်
ညဘက်မှာ မီးအလင်းရောင် လင်းလွန်းတာက အစာစားချင်စိတ်ကို ပိုဖြစ်စေပါတယ်။ အပြာရောင်လို အလင်းမှိန်မှိန်လေးတွေက အစာစားချင်စိတ်ကို ဖယ်ရှားပေးပါတယ်။ အခန်းမီးလင်းတာမျိုးကို ရှောင်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar