အဆီတွေအားလုံးကျသွားဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဗိုက်အဆီတွေပါ။ ဗိုက်က ခန္တာကိုယ်အစိတ်အပိုင်းတွေအားလုံးမှာ အခက်ခဲဆုံးနဲ့ ဝိတ်ကျဖို့ မလွယ်ကူဆုံးအပိုင်းပါ။ ဒီအပိုင်းကို ညအိပ်ယာဝင်ခါနီးတိုင်း Juice တစ်မျိုးမျိုးပုံမှန်သောက်ပေးရုံနဲ့ အဆီတွေဖယ်ရှားနိုင်မယ်ဆို စိတ်ဝင်စားကြပါသလား။ စိတ်ဝင်စားတာပေါ့နော်။ ဘာတွေဖြစ်မလဲဆိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ သခွားသီးနဲ့ နံနံပင်

Source: thewholejourney.com

ကိုယ်ခန္တာထဲက အဆိပ်အတောက်တွေနဲ့ အဆီတွေကို အလျင်မြန်ဆုံးဖယ်ရှားပေးနိုင်တဲ့ Detox juice တစ်မျိုးပါ။
သခွားသီးတစ်ဝက်၊ နံနံပင် (၅) ပင်နဲ့ သံပရာသီး (၁) လုံးလောက်ကိုလှီးပြီး Blender ထဲရောမွှေပြီး အနည်ထိုင်အောင်ထားလိုက်ပါ။ ပြီးသွားရင်တော့ အပေါ်ကအရည်ကို ညအိပ်ယာမဝင်ခင်သောက်ပေးလို့ရပါပြီ။

၂။ ဂျင်း

Source: Health Nut Nation

ဂျင်းတစ်ပြား၊ နှစ်ပြားလောက်နဲ့ သံပရာသီး၊ ပျားရည်တို့ကိုရောပြီးတော့ Juice လုပ်သောက်ပေးပါ။ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။

၃။ နာနတ်သီး

Source: rusfurs.ru

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီလုံးဝမတက်ဘဲ အဆာခံစေတဲ့ နာနတ်သီးကို သံပရာသီးနဲ့ရောပြီး ညအိပ်ယာမဝင်ခင် ပုံမှန်သောက်ပေးနိုင်ပါတယ်။

၎။ Green tea

Source: The Body Department

Green tea မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာပါဝင်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ခန္တာကိုယ်အတွင်း ဇီဝဖြစ်စဉ်တို့ကို ထိန်းညှိပေးနိုင်တဲ့အပြင် ဝိတ်လည်းကျစေပါတယ်။ ဗိုက်ခေါက်နဲ့ ဗိုက်ကအဆီတွေကို အလျင်မြန်ဆုံးဖယ်ရှားပေးနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

၅။ ပန်းသီးရှာလကာရည်

Source: wellandgood.com

ပန်းသီးရှာလကာရည် (၂) ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောမွှေပြီး ညအိပ်ယာမဝင်ခင်တိုင်း ပုံမှန်သောက်ပေးပါ။ ဝိတ်ကျစေနိုင်တဲ့အပြင်၊ အကြောဆွဲခြင်း၊ အကြောကပ်ခြင်းနဲ့ ဝမ်းလျောခြင်းတို့ကိုပါ ကုသပေးနိုင်ပါတယ်။

Featured image source: Healthline