ကိုယ့်နေတဲ့ပတ်၀န်းကျင်ကရှုပ်ပွနေတယ်၊ နေချင်စရာမကောင်းဘူး၊ ငြီးငွေ့စရာကြီးဖြစ်လာရင်လည်း မွန်းကြပ်လာတယ်ဆိုရင်တစ်မူးထူးခြားတဲ့ပုံစံလေးနဲ့ ပြန်လည်ပြင်ဆင်သင့်တယ်လို့အကြံပေးချင်ပါတယ်။ဘယ်ကနေဘယ်လိုစပြင်သင့်လဲ၊ ဘယ်အချက်တွေကိုရောလုပ်ကြည့်သင့်လဲဆိုတာကိုအချက်လေးတွေနဲ့မျှ၀ေပေးချင်ပါတယ်။

အရောင်ရွေးချယ်ပါ

ငယ်ငယ်လေးကတည်းက ပျင်းရိစရာကောင်းတဲ့အရောင်တွေနဲ့ ကိုယ်ရဲ့အခန်းထဲနေတာလည်းကြာပြီဆိုရင်တော့ ပထမဆုံးStepအနေနဲ့အခန်းရဲ့အရောင်ကို ပြောင်းလဲသင့်ပါတယ်။ အရောင်ရွေးချယ်တဲ့နေရာမှာ စိတ်ကိုနူးညံစေတဲ့အရောင်မျိုးရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Photo Scour-Britistpaint.com

ပရိဘောကတွေကိုလျော့နိုင်သလောက်လျော့ပါ

ပရိဘောကတွေကနေရာအကန့်အသတ်ရှိတဲ့ အခန်းကျဉ်းလေးတွေအတွက်တော့ တကယ်ကိုအသက်ရှုကျပ်စေတဲ့အရာတွေပဲဖြစ်ပါတယ်။ မလိုအပ်တဲ့ပစ္စည်းတွေအခန်းထဲသိုလှောင်ခြင်းက ကိုယ်ရဲ့စိတ်ကိုလည်းမွန်းကြပ်စေနိုင်ပါတယ်။

Photo Scour-Pinterest

ကိုယ်ပိုင်စိတ်ကူးနဲ့ပုံဖော်ပါ

အခန်းလေးကို ကိုယ့်ရဲ့အငွေ့သက်တွေမပျက်အောင်လည်းပုံဖော်ဖို့လိုအပ်ပါတယ်။ သက်တောင့်သက်သာရှိပြီး ကိုယ့်ကြိုက်တဲ့ Poster တွေ၊ကိုယ်တန်ဖိုးထားတဲ့အသုံးအဆောင်တွေနဲ့လည်း Makeover ဖြစ်ဖို့ လိုအပ်ပါတယ်နော်။

Photo Scour- Pinterest

အပင်လေးတွေစိုက်ပါ

အခုလိုမျိုးအိမ်တွင်းအောင်းနေရတဲ့အချိန်မှာဆို စိမ်းစိမ်းစိုစိုဖြစ်စေတဲ့အပင်လေးတွေက Healing လုပ်ပေးနိုင်တဲ့အကောင်းဆုံးသက်မဲ့တွေလို့ ပြောလို့ရပါတယ်။ Oxygen ထုတ်လုပ်ပေးနိုင်တဲ့ အပင်မျိုးတွေကိုစိုက်ပေးချင်ကလည်း အခန်းတွင်းရှိလေကို သန့်စင်ပေးနိုင်ပါတယ်။

Photo Scour- Pinterest