အသက်တွေ တဖြည်းဖြည်း ကြီးလာလေလေ အတွေ့အကြုံတွေလည်း ပိုများလာပြီး သိလာတဲ့အရာတွေလည်း များလာသလို အတွေးအခေါ်တွေလည်း အရင်ကထက်ပိုပြီး လေးနက်စွာတွေးခေါ်တက်လာကြပါတယ်နော်။ အဲဒီတော့ အသက် ၂၃နှစ်ရောက်လာတဲ့သူတွေမှာဆိုရင်လည်း ဒီလို အတွေးအခေါ်လေးတွေ ရှိလာကြပြီပဲ ဖြစ်ပါတယ်။

ကိုယ်ရဲ့အနာဂါတ်အတွက် စတွေးတတ်နေပြီ

ဘာမှမသိတဲ့အရွယ်ကနေပြီး အခုလို အသက် ၂၃နှစ်အရွယ်ရောက်လာတာနဲ့အမျှ ကြုံတွေ့ခဲ့ရတဲ့ ဘဝရဲ့ ကောင်းခြင်းတွေ ဆိုးခြင်းတွေကို တော်တော် သိနားလည်လာခဲ့ပြီးပြီ ထင်ပါတယ်နော်။ ဘဝမှာ ငွေရှာဖို့၊ ကိုယ့်ဘဝကို ဘယ်လို ရပ်တည်မလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ၊ မိသားစုကို ဝန်မပိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အတွေးတွေကို စတွေးလာတတ်ကြပါပြီ။ အသက်ကြီးလာလို့ ရင့်ကျက်လာတယ်လို့လည်း ပြောလို့ရပါတယ်နော်။

စဉ်းစားချင့်ချိန်တက်လာပြီ

အသက် ၂၃ရောက်လာတာနဲ့အမျှ တော်တော်များများကိုဖြတ်သန်းခဲ့ရပြီးပါပြီ။ ကိုယ့်အကြောင်းမကောင်းပြောတဲ့သူတွေ၊ ကိုယ့်အပေါ်လိုရင်တမျိုး မလိုရင်တမျိုးဆက်ဆံတတ်တဲ့သူတွေ၊ ခင်ချင်ယောင်ဆောင်ပြီး ကိုယ့်ကို ဒုက္ခရောက်စေတဲ့သူတွေ၊ ခွဲခြားဆက်ဆံတတ်သူတွေ စတဲ့ အတွေ့အကြုံအမျိုးမျိုးကို ကြုံခဲ့လို့ လူတွေကို တော်ရုံလောက်နဲ့ မယုံတတ်ကြတော့ပါဘူး။ လူတွေကို အလွယ်တကူမယုံတော့ပဲ လူအမျိုးမျိုး ရှိတယ်ဆိုတာကို သိလာပြီး တခုခုဆိုရင် စဉ်းစားချင့်ချိန်ပြီးမှ ယုံကြည်တတ်လာကြပါတယ်။

ငွေရဲ့တန်ဖိုးကို ပိုသိလာကြတယ်

ဆယ်ကျော်သက်အရွယ်မှာ အရမ်းကို ငွေကြေးခက်ခဲလွန်းတဲ့ မိသားစုမှာ မကြီးပြင်းတဲ့သူတွေကတော့ ငွေက ဘာကြောင့် ဘဝမှာ လိုအပ်တယ်ဆိုတာကို သိပ်နားမလည်ကြပါဘူး။ ဒါပေမယ့်လည်း တက္ကသိုလ်တွေရောက်ပြီး လုပ်ငန်းခွင်တွေ ဝင်ရတဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ လူတွေ ပိုက်ဆံ ဘာကြောင့် ရှာဖို့ လိုအပ်တယ်။ ကိုယ့်ဘဝကို ကိုယ်ရပ်တည်ဖို့ ငွေက ဘယ်အတိုင်းအတာအထိ လိုအပ်လာလဲဆိုတာသိလာကြတယ်။ နောက်ပြီး မိသားစုကို တလှည့်ပြန်ဂရုစိုက်ရမယ်ဆိုတာတွေကို သိလာကြပြီပဲ ဖြစ်ပါတယ်။

မိဘရဲ့ခံစားချက်ကို ပိုပြီးနားလည်တတ်လာကြတယ်

ကလေးလို ဆိုးတဲ့ အရွယ်ကနေ အသက်တွေ ကြီးလာတဲ့အခါမှာ ရွယ်တူတွေက မိဘတွေကို ပြန်ပြီး ဂရုစိုက်နေတာကို တွေ့လာရပါပြီ။ ဒါကြောင့် အားကျတာတွေ ဖြစ်လာပြီး မိဘတွေက သားသမီးနဲ့ ပတ်သတ်ရင် ဘယ်လို ခံစားရတယ်ဆိုတာကို နားလည်လာမိတတ်ကြပါတယ်။ သားသမီးတွေရဲ့ ဂရုစိုက်တာကို ခံရတဲ့ မိဘတွေကို မြင်ပြီး ကိုယ့်မိဘကိုလည်း အဲ့လို ဂရုစိုက်ပေးနိင်ချင်တာတွေလည်း စပြီး ခံစားလာရပြီပဲ ဖြစ်ပါတယ်နော်။

ကဲ…စာဖတ်ပရိတ်သတ်ထဲမှာရော အသက်၂၃နှစ်ပြည့်ပြီးတဲ့သူတွေရှိပါသလား? ဘယ်အချက်တွေက သင်နဲ့ကိုက်ညီမှုရှိလဲဆိုတာလည်း ပြောခဲ့အုံးနော်..