ဝရံတာရှိရင် အနားယူဖို့အတွက် လှလှလေးပြင်လို့ အရမ်းကောင်းပါတယ်။ နိုင်ငံခြားတွေမှာဆို ဝရံတာကို အမိုက်စား ပြင်ဆင်ထားကြတာပါ။ ဒါကြောင့် ကိုယ့်အိမ်မှာလည်း ဝရံတာရှိရင် သေချာလေးပြင်လို့ရအောင်၊ ဝရံတာကို အနားယူဖို့အတွက် ပြင်ဆင်ချင်တဲ့သူတွေအတွက်လည်း အိုင်ဒီယာရသွားအောင်လို့ လှပတဲ့ ဝရံတာဒီဇိုင်းပုံတွေကို မျှဝေပေးလိုက်ပါတယ်။

ဝရံတာကျဉ်းရင် ဒီလိုမျိုးလေးပြင်ကြည့်ပါ။ မိန်းကလေးတွေဆိုရင် ဒီပုံလေးကိုပိုပြီးသဘောကျမှာပါ။

အဓိကသက်တောင့်သက်သာဖြစ်အောင် အနားယူချင်တာ၊ လှဲအိပ်ချင်ရင်လည်း အိပ်လို့ရအောင် ဝရံတာမှာ ဆိုဖာချပြီး ဒီလိုလေးလည်း ပြင်လို့ရပါသေးတယ်။ ညဘက်တွေဆို တော်တော်မိုက်မှာပါ။

တိုက်အဖြူလေးတွေမှာ ဝရံတာကျယ်ရင် ဒီလိုမျိုးလေးလည်း ပြင်လို့ရပါတယ်။ ပျဉ်ထောင်အိမ်လေးဆိုလည်း ဆေးအဖြူသုတ်ပြီး ဒီလိုမျိုးလေးပြင်လိုက်ရင် အရမ်းချစ်စရာကောင်းသွားမှာပါ။ အပြင်အဆင်လေးက စိတ်ကိုအေးချမ်းစေတဲ့ ပုံစံလေးပါ။

ပျဉ်ထောင်အိမ်လေးတွေအပေါ်ထပ်မှာ ဝရံတာကျဉ်းရင် ဒီလိုမျိုးလေးပြင်ကြည့်ပါ။ ညဘက်ဆို အရမ်းချစ်စရာကောင်းပြီး နေလို့လည်းအရမ်းကောင်းပါတယ်။

လမ်းမတန်းဘက်ကအိမ်မျိုးဆိုရင် ဒီလိုလေးပြင်ကြည့်ပါ။ ညနေဘက်တွေ၊ ညဘက်တွေဆို chill လို့အရမ်းကောင်းတဲ့ပုံစံလေးပါ။

ဝရံတာအကျယ်ကြီးဆိုရင် ဒီလိုမျိုးတွေပြင်လို့ရပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့လည်း အေးဆေးအနားယူလို့ကောင်းတာပေါ့။

ကွန်ဒိုလိုဝရံတာမျိုးပဲဖြစ်ဖြစ်၊ ဝရံတာရှည်ရှည်လေးဆိုရင်ပဲဖြစ်ဖြစ် ဒီလိုပုံစံပြင်ကြည့်ပါ။ အဖြူနဲ့အစိမ်းကိုသုံးထားလို့ မျက်စိအေးပြီး အနားယူလို့အရမ်းမိုက်ပါတယ်။

အပင်လေးတွေနဲ့ အနောက်တိုင်းဆန်ဆန်လေးကြိုက်ရင် ဝရံတာကို ဒါမျိုးလေးပြင်ကြည့်ပါ။

photo source :www.pinterest.com