နိုင်ငံတိုင်းက အမျိုးသမီးတစ်ယောက်စီတိုင်းမှာ လက်ရှိအသက်ထက် ငယ်ရွယ်ပြီး ချောမောလှပတဲ့အသွင်ကို ထိန်းသိမ်းနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံက အမျိုးသမီးတွေကတော့ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးတွေအဖြစ် ချီးကျူးခံနေရပါတယ်။

ဘာလို့လဲဆိုတော့ အသက် ၄၂ နှစ်အရွယ်ဖြစ်နေတာတောင် ၁၈ နှစ်အရွယ် ကောင်မလေးတွေလိုမျိုး နုပျိုတဲ့ပုံပေါက်နေလို့ပါ။ ဥပမာအနေနဲ့ကြည့်မယ်ဆို Audrey Tautou ပေါ့။ သူတို့ရဲ့လျှို့ဝှက်ချက်တွေက ဘာဖြစ်မလဲဆိုတာ အခုပဲလေ့လာကြည့်ကြရအောင်နော်။

Contouring မသုံးဘူး

Contouring က မျက်နှာရဲ့ ပင်ကိုယ် Features တွေကို ဖုံးကွယ်ပစ်ပြီး သဘာဝဆန်ပုံမပေါ်လို့ ပြင်သစ်အမျိုးသမီးတွေက Contouring သုံးရတာမကြိုက်ကြပါဘူး။ ဒါကြောင့် သူတို့က ပါးပေါ်မှာ Bronzer နည်းနည်းလောက်လေးသုံးပြီး Fresh ဖြစ်တာမျိုးကိုပဲ ကြိုက်ပါတယ်။

အရမ်း Perfect ဖြစ်အောင်မနေဘူး

ပြင်သစ်အမျိုးသမီးတွေနဲ့ သူတို့ရဲ့စတိုင်လ်ကို သေချာအနီးကပ်ကြည့်ပြီး လေ့လာမယ်ဆိုရင် သူတို့အများစုဟာ နည်းနည်းလေးရှုပ်ရှုပ်ယှက်ယှက် ပုံစံမျိုးကြိုက်ကြတာကို သတိထားမိပါလိမ့်မယ်။ ဆံပင်ဖြစ်ဖြစ်၊ သူတို့သုံးတဲ့ Accessories တွေပဲဖြစ်ဖြစ်၊ ပုဝါ စတဲ့အသေးစိတ်လေးတွေက လှတဲ့ပုံပေါ်အောင် အတင်းကြိုးစားလုပ်ယူထားတာမျိုး မရှိသလိုပုံပေါ်စေပါတယ်။

နှုတ်ခမ်းနီဆို အနီရောင်ဆိုးတာများတယ်

အနီရောင် နှုတ်ခမ်းနီကိုအသုံးပြုခြင်းက သင့်ရဲ့အသွင်အပြင်ကို ပိုပြီးပေါ်လွင်စေလို့ ကိုယ်ရဲ့စတိုင်လ်က ဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘာတွေဝတ်ထားဝတ်ထား အနီရောင်နှုတ်ခမ်းနီကိုပဲ ဆိုးကြတာများပါတယ်။

အလှကုန်ပစ္စည်းအစုံ အိတ်ထဲထည့်သယ်လေ့မရှိဘူး

ပြင်သစ်အမျိုးသမီးတွေရဲ့အိတ်ထဲမှာ ဆောင်ထားလေ့ရှိတာက ဖောင်ဒေးရှင်း၊ Shine ဖြစ်တဲ့ မိတ်ကပ်ပေါင်ဒါ၊ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီနှစ်ချောင်းတို့ကိုပဲ ဆောင်ထားတတ်ကြပါတယ်။

မျက်ခုံးမွှေးမဆွဲတတ်ကြပါဘူး

သဘာဝမဆန်အောင် မျက်ခုံးမွှေးထူလပြစ်ကြီး ဆွဲထားတဲ့ ပြင်သစ်အမျိုးသမီးတွေကို တွေ့ရခဲပါတယ်။ ဒီအစား သဘာဝအတိုင်းရှိတဲ့ မျက်ခုံးမွှေးကိုပဲ ထူထဲနက်မှောင်အောင် ထိန်းသိမ်းကြတာများပါတယ်။

Source: BrightSide

By MyStyle Myanmar