မိုးရာသီမှာဆိုရင် သဲတွေ၊ ဗွက်တွေနဲ့ မိုးရေစိုတာတွေကြောင့် တစ်ချို့ဆို သဲဝဲဖြစ်တာ၊ မှိုဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့ မိုးရေစိုရင် သဲတွေနဲ့ယားတာမျိုး၊ အသားအရေပျက်စီးတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကိုယ့်ခြေထောက်အသားအရေကို ဂရုစိုက်ပေးနိုင်မယ့်နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။

ခြောက်သွေ့အောင်ထားပါ

မိုးရာသီမှာ ခြေထောက်က အချိန်အကြာကြီးစိုနေတာ၊ ဘွတ်ဖိနပ်တွေစီးပြီး ခြေထောက်က အထဲမှာ စိုနေတာ၊ ခြေအိတ်ဝတ်ထားပြီး မိုးစိုနေတာကိုမလဲပဲ အချိန်ကြာကြာဝတ်ထားတာတွေက ကြာလာရင် ခြေထောက်မှာ မှိုတစ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေဖြစ်နေရင် ခြေထောက်ကို ရေဆေးပြီး ခြေအောင်သုတ်ပေးပါ။ ခြောက်အောင်ထားပါ။

ခြေထောက် cleansing လုပ်ပါ

ခြေထောက် cleansing လုပ်ဖို့အတွက် ဆိုင်သွားစရာမလိုပါဘူး။ အိမ်မှာပဲ လုပ်လို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေနွေးထဲကို ဆား (သို့) mild shampoo ထည့်ပြီး ခြေထောက်ထည့်စိမ်လို့ရတဲ့ အပူလောက်ရပြီဆိုရင် ၁၅ မိနစ် ထည့်စိမ်ထားပါ။ ဒီလိုလုပ်ပေးခြင်းက ဘတ်တီးရီးယားတွေကိုသေစေပြီး ခြေထောက်အသားအရေ နူးညံ့စေလို့ တစ်ပတ်တစ်ခါ လုပ်ပေးပါ။

Moisturising foot cream

အသားအရေ မွဲခြောက်ခြောက်ကြီးမဖြစ်ချင်ရင် မိုးတွင်းမှမဟုတ်ပါဘူး။ အချိန်တိုင်းမှာ foot cream (သို့) lotion လိမ်းပေးပါ။ မနက် (သို့) နေ့လည် ရေချိုးပြီးအချိန်မှာ တစ်ခါလိမ်းပါ။ ညအိပ်ယာဝင်ခါနီးမှာ ခြေထောက်ဆေး (သို့) ခြေထောက်တိုက်ပြီး တစ်ခါလိမ်းပါ။

သံပယိုသီး

မိုးရာသီမှာ ခြေထောက်အနံ့ဆိုးထွက်တာနဲ့ ခြေဆီထွက်တာကို သက်သာပျောက်ကင်းစေဖို့ ရေနွေးထဲကို သံပယိုရည်ထည့်ပြီး ခြေထောက်စိမ်လို့ရမယ့် အပူအနေအထားရောက်ရင် ခြေထောက်ထည့်စိမ်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးပါ။

ခြေသည်းကိုပုံမှန်သန့်ရှင်းရေးလုပ်ပါ

မိုးရာသီမှာ ဖုန်နဲ့အညစ်အကြေးတွေ၊ ဘတ်တီးရီးယားတွေက ပိုပြီးကပ်လွယ်ပါတယ်။ ဒါကြောင့် ခြေသည်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ ခြေသည်းကြားထဲကိုလည်း အညစ်အကြေးတွေ ဝင်စေတဲ့အတွက် ခြေသည်းညှပ်ပေးပါ။

ဖိနပ်

မိုးအရမ်းရွာတဲ့နေ့တွေမှာ ဖိနပ်စီးရင် ခြေအိတ်ဝတ်တာမျိုး၊ ဘွတ်ဖိနပ်စီးတာမျိုးကို ရှောင်သင့်ပါတယ်။ မိုးစိုပြီး မိုးရေဝင်ရင် အထဲမှာ ခြေထောက်ကလည်း စိုနေမယ့်အတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ခြေထောက်ရေစိုလည်း အလွယ်တကူပြန်ခြောက်သွားစေမယ့် ဖိနပ်မျိုးပဲ စီးပေးပါ။

photo source:ww.freepik.com