အသားဖြူမှလှတာမဟုတ်ပါဘူး အသားညိုရင်လည်း ဆွဲဆောင်မှုရှိပြီး လှပါတယ်။ အဓိကကတော့ အသားဖြူဖြူ၊ ညိုညို အသားအရေက မွဲခြောက်ခြောက်ကြီးမဖြစ်ပဲ စိုပြည်ပြီး အသားလေးကြည်နေရင် အရမ်းလှပါတယ်။ အသားညိုလို့ အသားဖြူချင်တယ်၊ အသားဖြူမှလှမယ်ဆိုပြီး တွေးနေမယ့်အစား ကိုယ့်အသားအရေကိုပဲ သေချာထိန်းသိမ်းရင် ဘယ်လိုအရောင်ဖြစ်ဖြစ် အမြဲလှနေမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသားညိုတဲ့သူတွေအတွက် အသားအရေအမြဲတမ်းလှနေစေမယ့် beauty tips လေးတွေကို ပြောပြပေးလိုက်ပါတယ်။

Moisturizer အမြဲလိမ်းပါ

မျက်နှာကို တစ်နေ့ ၂ ကြိမ် Moisturizer လိမ်းပါ။ Skincare သေချာလုပ်ပါ။ ဒါဆိုရင် အသားညိုလည်း မျက်နှာအသားအရေလေးက စိုပြည်ပြီး Glow နေမှာပါ။ Body ဆိုလည်း တစ်နေ့ ၂ ကြိမ် Lotion သေချာလိမ်းပါ။ ညအိပ်ယာဝင်ခါနီးတိုင်း Lotion လိမ်းဖြစ်အောင်လိမ်းပါ။ အသားဖြူ Lotion တွေသုံးမယ့်အစား Hydrating ကောင်းကောင်းပေးနိုင်တဲ့ Lotion မျိုးကိုသာ ရွေးလိမ်းပါ။ ဒါဆိုရင်တော့ အသားအရေက ညိုညိုစိုစိုလေးနဲ့ အရမ်းလှနေမှာပါ။

Scrub ပုံမှန်လုပ်ပါ

မျက်နှာကိုရော Body ကိုပါ တစ်ပတ်တစ်ခါ (သို့) ၅ ရက် တစ်ခါ Scrub လုပ်ပေးပါ။ Scrub လုပ်ပေးခြင်းက အသားအရေကြည်ပြီး Glow စေပါတယ်။ အသားအရေက ညိုတာပဲဖြစ်ဖြစ်၊ ဖြူတာပဲဖြစ်ဖြစ် မွဲညစ်ညစ်ကြီးဖြစ်နေရင် မလှပါဘူး။

Sunscreen လိမ်းပါ

အသားပိုမညိုသွားစေဖို့၊ အသားအရေမပျက်စီးစေဖို့အတွက် အပြင်သွားရင်၊ အိမ်ထဲကိုနေရောင်ခြည်ဝင်ရင် မျက်နှာကို Sunscreen လိမ်းပါ။ Body ကိုလည်း နေ့ဘက်ဆို Sunscreen လိမ်းပေးရင် အကောင်းဆုံးပါပဲ။

Sheet Mask ကပ်ပါ

မျက်နှာအသားအရေက ညိုညိုစိုစိုလေးနဲ့ ကြည်ပြီး ပိုလှနေစေဖို့ အနည်းဆုံး တစ်ပတ်တစ်ခါ Sheet Mask ကပ်ပေးပါ။

ရေများများသောက်ပါ

ရေများများသောက်မှ အသားအရေကကြည်ပြီး စိုစိုပြည်ပြည်နဲ့ လှနေမှာပါ။ ရေသောက်နည်းရင် ဘယ်လောက်ပဲ skincare လုပ်လုပ် အသားအရေကမွဲခြောက်ခြောက်ကြီး ဖြစ်နေမှာပါ။ ရေသောက်နည်းရင် ဝမ်းလည်းချုပ်ပါတယ်။ ဝမ်းချုပ်ရင် အသားအရေမွဲညစ်စေပါတယ်။ ဒါကြောင့် ဝမ်းမှန်နေဖို့ကလည်း အရေးကြီးပါသေးတယ်။

အသီးအရွက်များများစားပါ

ဖြူတာပဲဖြစ်ဖြစ်၊ ညိုတာပဲဖြစ်ဖြစ် အသားအရေလှနေဖို့ဆို အသီးအရွက်တွေ၊ အသီးအနှံတွေ များများစားပေးရပါမယ်။