မင်္ဂလာပါ ပျိုမေတို့ရေ။ အသားအရေကောင်းနေဖို့ဆိုရင် သူ့အချိန်နဲ့သူ လိုက်နာသင့်တဲ့ ထိန်းသိမ်းနည်းတွေ သိထားတာ အကောင်းဆုံးပါနော်။ အထူးသဖြင့် နွေရာသီလို တစ်နေ့ထက်တစ်နေ့ ပိုပူလာတဲ့ ကာလမှာ အသားအရေကို အပူဒဏ်ကနေကာကွယ်နိုင်မယ့် Skincare နည်းတွေ လုပ်တတ်ဖို့လိုပါတယ်။ ပူပြီးချွေးထွက်များတာက အသားအရေယားယံလွယ်စေသလို ချွေးပေါက်ထဲမှာ ချွေးနဲ့ဂျေးတွေပိတ်မိပြီး ဝက်ခြံထွက်ဖို့လည်း အလားအလာများပါတယ်။ ဒီပြဿနာတွေကိုအံတုနိုင်ဖို့ နွေရာသီမှာအာရုံစိုက်သင့်တဲ့ Skincare နည်းတွေကို ဖော်ပြပေးသွားမှာပါ။ Skin Type အားလုံးအတွက် အသုံးဝင်စေမှာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

dddddမျက်နှာသေချာသန့်စင်တဲ့အဆင့်နဲ့ Sunscreen လိမ်းဖို့က အရေးအကြီးဆုံးပါ


မျက်နှာမှာမသန့်တဲ့ဖုန်၊ အညစ်အကြေးတွေကပ်ရာကတစ်ဆင့် အသားယားတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်တာမို့ မျက်နှာကိုပြန်သန့််စင်တဲ့အဆင့်က အရေးကြီးပါတယ်။ ဓာတုပစ္စည်းမပါတဲ့ Cleanser အပျော့သုံးပြီး တစ်နေ့နှစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးပါ။ အဆီပြန်သမားတွေက အဆီစုပ်ယူပေးပြီး ချွေးပေါက် ရှင်းပေးနိုင်တဲ့ Niacinamide ဓာတ်ပါတဲ့ Cleanser မျိုး သုံးသင့်ပါတယ်။ နေပြင်းတဲ့ရာသီဖြစ်လို့ SPF ပမာဏများတဲ့ Sunscreen တစ်မျိုးကို နေပူထဲမထွက်ခင်ရော အိမ်မှာနေရင်းနဲ့ပါ လိမ်းထားဖို့ မမေ့သင့်ပါဘူး။

Exfoliate လုပ်ဖို့လိုပါတယ်


ချွေးပေါက်ထဲက ဆဲလ်သေနဲ့ အညစ်အကြေးတွေသန့်စင်ဖို့ Exfoilate ပုံမှန်လုပ်ပေးဖို့လည်း လိုပါတယ်နော်။ နှစ်ပတ်တစ်ကြိမ်လောက် Exfoilate လုပ်ပေးပါ။ ချွေးပေါက်တွေသန့်စင်ပြီး အသားအရေကောင်းစေတာမို့ ဝက်ခြံနဲ့အရေးအကြောင်းပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

အစိုဓာတ်ကောင်းကောင်းဖြည့်ပါ


ဘယ်ရာသီမှာမဆို အသားအရေကြည်လင်ဖို့ အစိုဓာတ်ဖြည့်ပေးရတဲ့အဆင့်က အရေးကြီးပါတယ်။ နွေရာသီလို ချွေးထွက်များပြီး အစိုဓာတ်ဆုံးရှုံးလွယ်တဲ့ကာလမှာ ပိုပြီးလိုအပ်တာမို့ Moisturizer ပုံမှန်သုံးတာ၊ တစ်နေ့ ရေနှစ်လီတာအနည်းဆုံးသောက်တာမျိုး လုပ်ပေးပါ။ စေးကပ်မှုမရှိဘဲ Hyaluronic Acid အခြေခံတဲ့ Day Cream နဲ့ Moisturizer တွေပုံမှန်သုံးပေးသင့်ပါတယ်။

ညပိုင်းမှာလည်း Skincare လုပ်ဖို့လိုပါတယ်


ညမအိပ်ခင်မှာ Skincare အတွက် အာရုံစိုက်ပေးတာက နောက်တစ်နေ့မနက်မှာ အသားအရေစိုပြေနေဖို့ အထောက်အပံ့တစ်ခုပါပဲ။ ညပိုင်းမှာ Moisturizer အပြင် ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Night Cream နဲ့ Serum တွေသုံးပေးတာက ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ အဖြစ်များတဲ့ မျက်နှာအမဲစက်နဲ့ အရေးအကြောင်းတွေကို သက်သာစေပါလိမ့်မယ်။

Vitamin C ဓာတ်က အသုံးဝင်ပါတယ်


နွေရာသီမှာ အသားအရေ Glow ချင်တယ်ဆိုရင် သဘာ၀ Vitamin C ပါတဲ့ Skincare တွေ သုံးဖို့ အကြံပေးချင်ပါတယ်နော်။ Vitamin C ရဲ့အာနိသင်က နေလောင်ဒဏ်တွေ သက်သာစေတဲ့အပြင် အရေပြားတွင်း Collagen ထုတ်လုပ်မှုတက်စေတာမို့ အသားအရောင်ညီပြီး ကြည်လင်လာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar